💜17💜

1.7K 254 164
                                    

ထယ်ယောင်းက ဂျောင်ကုကိုချော့ဖို့အတွက်ကျွန်းကိုရောက်လာဘေမဲ့ ဂျောင်ကုကထင်ထားတာထက်
အဆပေါင်းများစွာခက်ထန်မာကျောနေတာမို့
အချိန်ယူဖို့အတွက် ဂျောင်ကုအိမ်ရှေ့မှာကိုယ်ပိုင်အိမ်ဆောက်တဲ့ထယ်ယောင်း~

"ဟယ် ဘာလို့ အိမ်ကြီးအိမ်ကောင်းဆောက်နေတာလဲ
ဒီမှာတစ်သက်လုံးနေမလို့လား~"

"အခြေနေအရပါအဒေါ်~"

"သယ်ယူစရိတ်ကနည်းတာမဟုတ်ဘူးနော်~"

"ကျွန်တော်အဆင်ပြေပါတယ်အဒေါ်~"

ဆောက်လုပ်ရေးပစ္စည်းရော ဆောက်လုပ်သူတွေကိုပါ
သင်္ဘောနဲ့ခေါ်ဆောင်လာပြီး တစ်ထပ်တိုက်
လှလှလေးလာဆောက်တဲ့ထယ်ယောင်းကို ဂျောင်ကုအမြင်ကပ်တာအမှန်~

*ငါ့ကိုတော်တော်အနှောက်ယှက်ပေးတာဘဲ~*

"တစ်ပတ်နဲ့အပြီးဆောက်ပေးပါ လူအင်အားလိုရင်ထပ်ပြော~"

"ဟုတ်ကဲ့~"

"ဂျောင်ကုရေ အဒေါ်တို့ ကမာသွားကောက်မှာလိုက်ဦးမလား~"

"လိုက်မယ်လေ ခနလောက်စောင့်ပေးကြဦး~"

"အေအေ မြန်မြန်လုပ်ခဲ့~"

"အဒေါ်ဆောင်း ကျွန်တော့်ဆိုင်လေးကြည့်ထားပေးပါဦးနော်~"

"ဟုတ်ပြီ ဟုတ်ပြီ ကြည့်ထားပေးမယ်
စိတ်ချလက်ချသွား~"

အဒေါ်ဆောင်းဆိုသူက ဂျောင်ကုတက္ကသိုလ်ထားပေးတဲ့ကောင်လေးရဲ့အမေမို့ သူအလုပ်မအားတိုင်း
ဆိုင်စောင့်ပေးလေ့ရှိတယ်~

"အဒေါ်တို့ ကမာ သွားဖမ်းမယ့်နောက် ကျွန်တော်လဲလိုက်လို့ရမလား~"

"လိုက်လို့တော့ရပါတယ် ဒါဘေမဲ့ဂျောင်ကုကို
စိတ်တိုအောင်တော့မလုပ်နဲ့~"

"ဟုတ်ကဲ့ မလုပ်ပါဘူး~"

ဂျောင်ကုကအဒေါ်ကြီးတွေနဲ့ ကမာသွားဖမ်းမယ်ဆိုတော့
မနေနိုင်လှုပ်ရွနေတဲ့ထယ်ယောင်းက
သူ့အိမ်ဆောက်နေတဲ့သူတွေထားခဲ့ပြီး လိုက်ဖို့ပြင်ပြီ~

"လိုက်မယ်ဆိုလဲ ဆောင်းစရာလေးဘာလေးယူခဲ့~"

"ဟုတ် ရပါပြီ~"

~~Mask~~{Complete}Donde viven las historias. Descúbrelo ahora