" မကြောက်ဘူးလား! "
"no! "
"သား အိပ်ရင် မျက်လုံးထဲ မြင်ယောင်နေမယ် ၊
ဖေဖေ နဲ့ စကားနည်းနည်းပြောကြမလား ""okay! "
ကလေးက တပ်ပလက်ကို ချလိုက်ပြီး သင့်ရာကို
ကြည့်လိုက်သည်၊ ကျွန်တော် တို့ ထိုဆော်ဖာ မှာ နှစ်ယောက်လှဲနေလိုက်သည်၊ ေဆာ်ဖာက သိပ်မကြီးတာကြောင့် သင့်ရာက ကလေးကို ဖက်ထားလိုက်သည်၊
ဒါပြီး ကလေးရဲ့ ဆံပင် အိအိလေးတွေကို နမ်းလိုက်သည်။
ကလေး ရဲ့ ကိုယ်က နွေးနေပြီး တကယ်လည်း အိစက်နေသည်။" ဟိုမှာတုန်းက သားဒယ်ဒီနဲ့ ဘာတွေလုပ်ဖြစ်လဲ "
" ဒယ်ဒီ နဲ့အတူ နှင်းလျောစီးတယ်
ဒါပြီး ပန်းချီဆွဲတယ် ၊ စာအုပ်တွေဖတ်တယ် "" သား ဖိုးဖိုးက သားကိုပြောပြလား ၊ သားမှာ နောက်ထက် ဖေဖေတစ်ယောက်ရှိတယ် ဆိုတာကို "
" ဟုတ် ပြောပြတယ်၊ ဒါပြီး gerry မှာလည်း ဖေဖေ နှစ်ယောက်ရှိတယ် "
" gerry က ဘယ်သူလဲ "
" ကိုး တို့အိမ်ဘေးက ၊ gerry ရဲ့ဖေဖေ က အရမ်းလှတယ် ၊ ဒယ်ဒီက တစ်ခါတလေ gerry ဖေဖေ နဲ့အတူ အပြင်ကိုအမြဲထွက်သွားတယ် ၊ ကိုး တို့က ရင်းနှီးကြတယ် "
ကျွန်တော် သားကို ကြည့်လိုက်သည်။ ကလေးတွေက လိမ်မပြောတတ်။ ကိုကိုက ဘာလို့ အတူသွားတာလည်း။ ဒါပြီး ကလေးအဖေ နဲ့
" gerry ဖေဖေ နဲ့ ဖေဖေ ဘယ်သူက ပိုချောလည်း "
ကျွန်တော့် မျက်လုံးရှေ့က ကလေးက ကျွန်တော့်ရဲ့မျက်နှာကိုစိုက်ကြည့်လာသည်၊ ဒါပြီး တစ်ခုခုကိုစဥ်းစားပြီးတော့မှ လာပြောသည်။"ဖေဖေ ပဲ ၊ ဒါပေမယ့် ဖေဖေ ရဲ့ မျက်လုံးတွေက အမဲရောင် ဒါက နည်းနည်းထူးဆန်းတယ် "
ဘာပဲ ဖြစ်ဖြစ် သားမျက်လုံးထဲမှာ ကျွန်တော် ချောတယ်ဆိုတာ ပုံပေါ်ရင်ရပြီ။
" ဖေဖေ တို့ မြန်မာကလူတွေက မျက်လုံး အမဲရောင်ပဲ ၊ ဟိုဘက်ကလူတွေက ခန္ဓာ ကိုယ်ဖွဲ့စည်းပုံ ဆဲတွေပြောင်းလဲလို့ အပြာရောင်တွေဖြစ်နေတာ ၊
သား နားလည်ရဲ့လား "" နားလည်ပါတယ်၊ တစ်ခါတလေ ဖိုးဖိုး ရဲ့ စာအုပ်တွေ ဖတ်တယ်လေ "
YOU ARE READING
မနက်ဖြန်ဆိုတာ..ရှိနေသရွေ့ ( Completed)
Romanceမိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။
Ep(37)
Start from the beginning