ထယ်ယောင်းတို့တွေ ငါးဖမ်းပြန်ခဲ့ပြီးနောက်
ထောင်ထားတဲ့မြုံးတွေဆယ်ကြတော့
ထယ်ယောင်းထောင်ထားတဲ့မြုံးမှာ ပုစွန်တွေကအပြည့်~"ပုစွန်ထုပ်ဟင်းချက်စားလို့ရပြီ~"
"ကိုလူချောက တကယ်ကံကောင်းတာဘဲ
ပုစွန်ထုပ်အကြီးကြီးတွေမိတယ်~""ဟုတ်သားဘဲ ငါတို့တောင်မရဘူးကို~"
*ဘာလို့ ဒီလူယုတ်မာက အမြဲတမ်းကံကောင်းနေရတာလဲ~*
"ကလေး ခြင်းတောင်းပေး ပုစွန်တွေထည့်ရအောင်~"
ဂျောင်ကုကစိတ်အလိုမကျဖြစ်နေဘေမဲ့လဲ
ငါးတွေပုစွန်တွေကိုတော့ အကုန်ယူကာ
ရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ထွက်သွားတာမို့
ထယ်ယောင်းကပြုံးလို့~"ချစ်ဖို့ကောင်းလိုက်တာ~"
"အမယ် ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေပြန်ပါပြီ~"
"ဟားဟား တကယ်ပြောတာအဒေါ်ရဲ့ ကြည့်ပါလား
ကလေးက29နှစ်လို့မထင်ရအောင်နုဖတ်နေတာ~""ဒါနဲ့ ကိုလူချောကရောအသက်ဘယ်လောက်ရှိပြီလဲ
ဂျောင်ကုနဲ့အတူတူလား~""မဟုတ်ဘူး ကျွန်တော်က32နှစ်ရှိပြီ~"
"ဟုတ်လား ဂျောင်ကုထက်3နှစ်ကြီးတာဘဲ~"
"ဟုတ်တယ် စကားမစပ် အဒေါ်တို့ဒီကျွန်းမှာနေပြီး
ဘာအလုပ်လုပ်ကြသလဲ~""ဆားချက်တယ် ငါးဖမ်းတယ် သဘာဝပုလဲတွေရှာရောင်းတယ် အစုံဘဲ အဓိကကတော့ဆားချက်တာပေါ့~"
"အော်~"
အဒေါ်ကြီးတွေနဲ့ရင်နှီးစွာ စကားပြောနေတဲ့ထယ်ယောင်းက
အရင်ကဆို လူဆင်းရဲတွေနဲ့မပတ်သက်ချင်တဲ့
ကြီးကြီးကျယ်ကျယ်သူဌေးသားလေ~"ရေခဲသေတ္တာမရှိတော့ မနက်ဖြန်စာပါ
တစ်ခါတည်းချက်ထားလိုက်မယ်~"ရလာတဲ့ငါးနဲ့ ပုစွန်တွေကို သေချာဆေးကြောနေတဲ့ဂျောင်ကုက ကျွန်းကိုရောက်ခါစကဆို ငါးအရှင်ကောင်
ပုစွန်အရှင်ကောင် အရှင်ကောင်ဆိုဘာမှမသတ်ရဲခဲ့ဘေမဲ့
အခုတော့ကျွမ်းကျင်နေပြီ~"မွှေးနေတာဘဲ ဟိုလူကိုရောနည်းနည်းပေးလိုက်ရမလား
အင်း ပေးလိုက်မယ်လေ သူဖမ်းထားပေးတာဘဲ~"
YOU ARE READING
~~Mask~~{Complete}