💜20💜

1.6K 244 187
                                    

ထယ်ယောင်းက မနက်ဆိုစောစောထ
ရေချိုး အဒေါ်ကြီးဆီကမနက်စာစားပြီး
ဂျောင်ကုဆီသွား မရှိရှိတဲ့အလုပ်တွေရှာလုပ်နဲ့
ငြိမ်ငြိမ်ကိုမနေ~

"ကလေး ဘယ်သွားမလို့လဲ~"

"ဘယ်သွားသွားပေါ့ ခဗျားကိစ္စလား~"

"အဲ့လိုတော့မဟုတ်ဘူးပေါ့ကလေးရယ်~"

သင်္ဘောဆိပ်ဘက်သွားနေတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းနောက်ကလိုက်သွားတော့
ကုန်မှာထားတာတွေချနေတာမို့ထယ်ယောင်းဝင်ကူရတယ်။

"ဂျောင်ကုရေ ဒီမှာမှာထားတဲ့ပန်းပင်တွေ~"

"ဟယ် အဒေါ်ပြန်လာပြီလား~"

"ပြန်လာပါပြီတော် အဒေါ်လွတ်သွားတာများရှိသေးလား~"

"ဟဟ မရှိပါဘူး လာလေ ကျွန်တော်ကူသယ်ပေးမယ်~"

"ရပါပြီ ပန်းပင်တွေတာသယ်လိုက်~"

"ဟုတ်အဒေါ်~~ဟိုလူကြီး ဒီကိုခနလာဦး~"

"ကိုကို့ကိုခေါ်တာလားကလေး~"

"ဟုတ်တယ် မြန်မြန်လာ~"

ဂျောင်ကုကချိုချိုသာသာခေါ်တာမဟုတ်ဘေမဲ့လဲ
ပျော်ပျော်ပါးပါးပြေးလာတဲ့ထယ်ယောင်းကြောင့်
အဒေါ်ကြီးလဲပြုံးရင်း သူ့အိမ်သူပြန်ရပြီ~

"ကိုကိုဘာလုပ်ပေးရမလဲကလေး~"

"ဒီပန်းပင်တွေကို အိမ်ထဲသွားပို့ပေး~"

"ဟုတ်ပြီ~"

"ရေကန်နားမှာချထားလိုက်နော်~"

"Ok~"

ထို့နောက်ဂျောင်ကုက သူမှာထားတဲ့ကုန်တွေအတွက်ငွေရှင်းနေချိန်ထယ်ယောင်းက ဂျောင်ကုရဲ့ပန်းပင်တွေကို
ဂျောင်ကုအိမ်ထဲသယ်ပို့ပေးရတယ်။

"ဟိုလေအစ်ကို ကျွန်တော်အသီးလေးတွေမှာချင်တာ
မှာလို့ရမလားဟင်~"

"ဖာလိုက်မှာမှဘဲရမှာ တစ်လုံးနှစ်လုံးဆိုမဖြစ်ဘူး
အစ်ကိုတို့လဲသွားမဝယ်ပေးနိုင်လို့လေ
ဒီကုန်တွေကိုတောင် ယူနေကျဆိုင်ကိုဖုန်းဆက်ပြီးလာပို့ခိုင်းရတာ~"

"အဲ့လိုဆိုမမှာတော့ပါဘူး ကျေးဇူးပါဘဲ~"

ဂျောင်ကုကအသီးမျိုးစုံကို
အားပါးတရစားချင်တာမို့ တစ်မျိုးကိုတစ်ဖာဝယ်နေရရင်အဆင်မပြေဘူးလေ~

~~Mask~~{Complete}Where stories live. Discover now