EPISODE 32

2.3K 227 6
                                    

Unicode

"ရုန္ဓညဈေး "

တောင်စောင်းကမ်းပါးတစ်ခုတွင်တည်ထားသော ကုန်ရောင်းကုန်၀ယ်ရာ နေရာတစ်ခုဖြစ်ပြီးအများအားဖြင့် အဆင့်မြင့် နတ်ဘီလူးများစွာ ကျက်စားရာနေရာဖြစ်သည်။ထိုနေရာတွင် များစွာသော ဘုံအသီးသီးမှ ပစ္စည်းများစွာကို အမြုတေများဖြင့်လဲလှည်ကြပြီး သာမန်အားဖြင့်တော့ အဆင့်မြင့် နတ်ဘုရားများကဤနေရာကိုလာလေ့မရှိ။ နိမ့်ကျသည်ဟုယူဆထားကြသောကြောင့်ပင်။ ၎င်းတို့က နတ်ဘုရားများသာဖြစ်ကြပြီး အမြဲတစေ လူသားများအပေါ်လွှမ်းမိုးချုပ်ကိုင်ခဲ့ကြသည်မဟုတ်ပါလား။ အဘယ်ကြောင့် သင်းတို့ဆီကပစ္စည်းကို သူတို့ကကုန်ကူးသန်းရောင်း၀ယ်ရပါမည်နည်း။သိပ်ကို ရှက်ရွံ့ဖွယ်ဖြစ်ပြီး သိက္ခာကျပါပေသည်။

နတ်ဘီလူးဟူသည် အမြဲတစေ ဘီလူးအသွင်ဖြင့် နေထိုင်သည်မဟုတ်ရာ မျက်ထောင့်နီနီ အစွယ်စစဖြင့် နတ်ဘုရားများအသွင်ဖြင့်သာ အသွင်ယူနေကြခြင်း။ ကောင်းကင်ဘုံတွင် နတ်ဘီလူးသခင် ၇ ပါးရှိပြီး အစွမ်းထွက်လှသဖြင့် သာမန်နတ်ဘုရားများက ရက်စက်ကြမ်းကြုပ်ကာ အဆင့်နိမ့်သည်ဟု ယူဆထားသည့် ဤနတ်ဘီလူးများကို အထင်သေးကြသော်လည်း ပေါ်တင်တော့မတိုက်ခိုက်ရဲကြပေ။ထိုအစား နတ်ဘီလူးတို့နှင့် အဆက်အဆံမပြုခြင်း၊ သား၊သမီးတို့အား ဆက်ဆံရေးဖယ်ခွာစေခြင်း၊ ဤ ရုန္ဓဈေးကဲ့သို့ နတ်ဘီလူးများသောနေရာမျိုးသို့ရှောင်ရှားခြင်းစသည်ဖြင့် အကန့်ပြုလုပ်လိုက်ကြ၏။

ယခုတွင်တော့ မီးနတ်ဘုရားငယ်နှင့် မဟေသီက နတ်ဘီလူးဈေးသို့ရောက်နေကြပေပြီ။

"ရူရူ ဟိုနားမှာ။လူ့ပြည်က စားစရာတွေရှိတယ် သွားကြည့်ကြမလား "

နတ်ဘုရားငယ်က သူ့လက်ကိုဆွဲပြီးပြောလာတာမလို့ ရူရူတစ်ယောက် ခေါင်းငြိမ့်ရင်း အင်းဟုပြောလိုက်သည်။

အမှန်တစ်ကယ်ပင် ဈေး၏အလယ်နားတွင် လူ့ပြည်မှစားဖွယ်များကို ခင်းကျင်းထားခြင်း။မုန့်ဦးနှောက်၊ဘိန်းမုန့်၊မုန့်ကုလားမဲ၊မုန့်ကြာစိ စသည်ဖြင့် စုံပလုံစိ။ ရူရုကပြုံးရင်း ဆိုင်ပိုင်ရှင်ကိုကြည့်လိုက်တော့ ခန္ဓာကိုယ် ခပ်ကြီးကြီးနှင့် နတ်ဘီလူးမတစ်ယောက်ပင်။သူမကဖော်ရွေပုံရပြီး ရူရူတို့ကိုတစ်ခုခု၀ယ်စေချင်ပုံရသည်။သူမမုန့်များဘယ်လောက် အရသာကောင်းကြောင်း၊ဈေးတန်ကြောင်းစသည်ဖြင့်ရှင်းပြလေရာ ရူရူကပင်ခေါင်းညိတ်ရင်း နတ်ဘုရားငယ်ကိုလှည့်မေးလိုက်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Onde histórias criam vida. Descubra agora