EPISODE 33

3.1K 275 17
                                    

Unicode

"ကောင်းကင်ဘုံအုပ်ချုပ်သူဘိုးဘိုးထံကနေ အမိန့်ပြန်စာရောက်လာကြောင်းပါအရှင် "

နန်းဆောင်အပြင်ဘက်ကနေ ဦးမာဂရဲ့ အသံက စူးစူးရှရှကြီးကိုထွက်ပေါ်လာတာမလို့ မီးနတ်ဘုရားရော ရူရူပါ နှစ်ယောက်လုံးအဆောင်တော်ထဲကထွက်လာလိုက်ကြသည်။

"ဘာအကြောင်းများလဲ ဘိုးဘိုး "

နတ်ဘုရားငယ်က သလွန်ငယ်ပေါ်တွင် သတင်းသုံးရင်း ဘေးနားက မဟေသီမိဖုရားကိုပါ သလွန်ပေါ်ကို ဆွဲပွေ့လိုက်သည်။

"အရှင် ! "

နတ်ဘုရားငယ်က ချောင်းဟန့်ရင်း ခိုးပြုံးလိုက်ကာ ဦးမာဂကြီးကိုမေးငေါ့ကာမေးလိုက်သည်။

ဦးမာဂတစ်ယောက် မော်လည်းမကြည့်ရဲ မလျှောက်လို့ကလည်းမဖြစ်တာမို့ သလွန်တော်၏အခြေကိုသာစိုက်ကြည့်ရင်း လျှောက်ထားဖို့လုပ်ရတော့သည်။

"အမိန့်စာထဲမှာ ပါရှိတာက အရေးကြီးတဲ့အတွက်ယခုချက်ချင်းပဲ သခင်ကြီးကို အုပ်ချုပ်သူအရှင်ထံအခစား၀င်ဖို့အကြောင်းပါဘုရား "
"အရေးကြီးသတဲ့လား..."

နတ်ဘုရားငယ်က စဉ်းစားနေသည့်ဟန်ဖြင့် သလွန် နံဘေးကို လက်ဖြင့်တောက်လိုက်ရင်း ဘေးနားကမဟေသီဆီကို အကြည့်ရောက်သွားတော့သည်။
"ရူရူရောဘယ်လိုထင်သလဲ "

ရူရူတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ရှက်လို့ ငြိမ်နေတုန်းမှာပဲ ရုတ်တရက်မေးလာတဲ့ နတ်ဘုရားငယ်ကြောင့် လန့်ဖြတ်သွားပြီး ခါးလေးက ဆတ်ခနဲမတ်သွားတော့သည်။

"ဟောဗျာ...ကျွန်တော့်ရူရူက အတွေးများနေတဲ့ပုံပဲ "

နတ်ဘုရားငယ်က အသည်းယားစွာနဲ့ မဟေသီလေးရဲ့ပါးလေးကိုဖျစ်ကာ ရယ်လိုက်၏။အဲ့ဒီနောက်သူက ဦးမာဂကိုကြည့်ကာ အမိန့်တော်ကို နာခံဖို့ လုပ်လိုက်သည်။

"ကောင်းပြီ အုပ်ချုပ်သူအရှင်ထံ ခစား ဖို့ပြင်ချေပါလေ၊ ကျွန်ုပ်မကြာမီပဲ နန်းဆောင်ရှေ့ကိုကြွခဲ့မယ် "

"ကောင်းပါပြီသခင်ကြီး "

နတ်ဘုရားငယ်က ဘေးနားကအသံလေးကြောင့် အံ့ဩသွားပြီး လှည့်ကြည့်လိုက်သည်။ရူရူက ခုနကမေးခွန်းကိုအခုမှ ပြန်ဖြေလိုက်ခြင်းပေတည်း။
"အုပ်ချုပ်သူအရှင်က အရှင့်ကိုဆင့်ခေါ်တာကကောင်းတဲ့ ကိစ္စမဟုတ်ဘူး ...ဖြစ်နိုင်တာက သူတို့က ရလာဒ်ကို အဆုံးအစွန် နှစ်ဖက်လုံးကို တွေးထားတာဖြစ်နိုင်တယ် "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now