ထယ်ယောင်းနဲ့ဂျောင်ကုတို့နှစ်ယောက်
အသီးအရွက်မျိုးစေ့တွေစိုက်ဖို့အတွက်
ရေတွင်းဆီသွားကာ ရေတွင်းအနီးနားတစ်ဝိုက်မှာ
စိုက်ဖို့မြေတွေထွန်ယက်ကြတော့ နှစ်ယောက်သားမလုပ်တတ်ကြ~"ကလေးလဲမလုပ်တတ်ဘူးပေါ့?"
"မလုပ်တတ်ဘူးလေ ဒီမှာဘယ်သူမှပါ့အပင်မစိုက်ကြတာ~"
"ပန်းစိုက်သလိုစိုက်လို့မရဘူးလား~"
"ဘယ်လိုလုပ်ရမှာလဲ ပန်းကအပင်လေ ဒါကအစေ့ကြီးကို~"
"ဟုတ်တယ်နော် ပြီးတော့အစေ့ကလဲ သေးသေးလေးတွေ~"
နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီး
အကြာကြီးဆွေးနွေးကြပြီးနောက် နှစ်ဦးသဘောတူ
မြေပြင်ပေါ်ကို တွင်းသေးသေးလေးတွေတူးကြပြီးနောက်
မျိုးစေ့လေးတွေကိုတူးထားတဲ့မြေတွင်းထဲ တစ်စေ့စီထည့်ကြလေရဲ့~"အစေ့ကအများကြီးကျန်သေးတယ် ထပ်တူးရဦးမှာ~"
"ပေါက်တော့ပေါက်မှာပါနော်ကလေး~"
"မသိဘူးလေ ပေါက်မှာပါ~"
"ဘာလုပ်နေကြတာလဲအစ်ကိုတို့~"
"အပင်စိုက်နေကြတာ~"
ဂျောင်ကုကျောင်းထားပေးတဲ့တက္ကသိုလ်ကျောင်းသားကောင်လေးကရေချိုးလာရင်း ထယ်ယောင်းနဲ့ဂျောင်ကုကိုမြင်တော့
ဘာလုပ်နေကြလဲမေးရသေး~"အပင်ကမျိုးစေ့လား~"
"ဟုတ်တယ် ဘယ်လိုစိုက်ရမလဲသေချာမသိလို့
အခုကြိုးစားပြီးစိုက်နေတာ~""အဲ့တာများကျွန်တော်ကိုပြောလေ
ကျွန်တော်ကစိုက်ပျိုးရေးမေဂျာကျောင်းသားလေဗျာ~""ဟုတ်သားဘဲ မင်းကိုမေ့နေတာ လုပ်ပါဦး အစ်ကိုတို့ကိုကူညီပါဦး ဒီမှာအစ်ကိုတို့တော့တွင်းတူးပြီးစိုက်လိုက်တာ~"
"မျိုးစေ့ကိုအဲ့လိုမစိုက်ရဘူးလေ ဖယ်ကြ~"
ကျောင်းသားကောင်လေးက သင်ယူခဲ့ရတဲ့အတိုင်း
နေရောင်ရတဲ့မြေကြီးနေရာကို ဘောင်လေးနဲ့လုပ်ကာ
ဘောင်ပေါ်ကမြေတွေကိုတူးဆွပြီး ပွနေတဲ့မြေပေါ်
မျိုးစေ့တွေပက်ကြဲ ရေလောင်းလေရဲ့~
YOU ARE READING
~~Mask~~{Complete}