*****

"အမေ့သားလေးက အသားဖြူဖွေးပြီးချောလာလိုက်တာ အဟင်း အမေသားကိုလွမ်းနေတာသားရဲ့ ”
“ဟုတ်တယ် ထူးခန့်ရဲ့ နင့်အမေကနင်ဒီနေ့ပြန်လာမယ်ဆိုလို့အပြင်ကိုလည်တရှည်ရှည်နဲ့စောင့်နေတာ ”
သူ့အိမ်ကို ရောက်တော့အမေနဲ့အတူ သူတို့အားထွက်၍ကြိုနေတဲ့သူ့အမတစ်ဝမ်းကွဲ ချစ်စုမတို့က ဆိုနေပေမဲ့ထူးခန့်ရဲ့နှုတ်ခမ်းကတော့စူပုတ်လို့နေသည်။
“အိမ်ထဲကိုဝင်လေ အမေသားဖို့မုန့်တွေရော စားစရာတွေရော ဝယ်ထားတယ်၊သားကြိုက်တတ်တဲ့ ဟင်းတွေကိုလဲချက်ထားတယ်သားရဲ့ သားကိုကြည့်ရတာချွေးသံတရွှဲရွှဲနဲ့ ဟဲ့ အတာ ငါ့သားလေးကို ယက်ခတ်ပေးလိုက်စမ်းပါအုံး မောနေပြီထင်တယ် ”
“မောတာပေါ့ မောတာရော၊ပူတာရောပဲ အဲဒါကြောင့်ရွာမှာမနေချင်တာ၊မနက်ရှစ်နာရီလောက်ရောက်မယ်ဆိုတာကို အချိန်ကိုက်လာမကြိုဘူး စောင့်လိုက်ရတာ အကြာကြီးပဲ အခုအချိန်လဲကြည့်အုံး မွန်းတည့်တော့မယ် အမေတို့ကသားကိုချစ်တယ်ဆိုပြီး သားကိုဂရုမစိုက်ပါဘူး ”
ရင်ထဲမှမကျေနပ်ချက်တွေကိုတစီတပိုးကြီးပြောပြလိုက်သည်။နှစ်ထပ်တိုက်ဖြစ်တဲ့သူ့ရဲ့အိမ်က အောက်ထပ်မှ ခုံပေါ်သို့ဝင်ထိုင်လိုက်သည်။
“မဟုတ်ပါဘူးသားရယ် သားပြန်လာမယ်ဆိုတာသိလို့အမေ ဒီကောင်ကိုအစောကြီးသွားကြိုခိုင်းပါတယ် ဆိုင်ကယ်ကိုစစ်ဆေးထားပါဆိုတာကို မနက်ရောက်မှဘီးပေါက်နေတယ်ဖြစ်ရတယ်လေ နင့်ကြောင့်ငါ့သားလေးငါ့ကိုငြိုငြင်တာ နင့်ကြောင့် ”
အမေက သူ့ရဲ့နောက်မှယက်တောင်တစ်ချောင်းနဲ့ထူးခန့်ကိုယက်ခတ်ပေးနေတဲ့ အတာ ဆိုသူအားပြောလိုက်သည်။သူကဘယ်သူလဲဆိုတာ ထူးခန့်မသိပါ။ရွာကိုတခါတလေမှသာပြန်တတ်ပြီးပြန်တဲ့အခါများတွင်လဲ သူ့ကိုမမြင်တွေ့ရ
“အိုတော် ဒေါ်လေးကလဲ သူလဲညကတော့စစ်ပါသေးတယ် ဆိုင်ကယ်ကမနက်ကျမှဘီးပေါက်သွားတာ သူလဲဘယ်တတ်နိုင်မလဲ ”
ချစ်စုက ထိုတစ်ယောက်အား ကာကွယ်၍ပြောတော့အမေ ဒေါ်ထူးထူး က တူမကိုမျက်စောင်းထိုးလိုက်သည်။အတာ ဆိုသူကိုကြည့်တော့ မျက်နှာလွှာကိုချထားပြီး ခေါင်းကိုငုံ့ထားသည်။
“အမေ သူကဘယ်သူလဲ သူ့ကိုသားမမြင်ဖူးပါဘူး ”
“ပြောရရင်တော့အရှည်ကြီးသားရေ သားလဲခရီးကပမ်းလာတယ်ဆိုတော့နားရအုံးမှာ အခုသိထားရမှာက သူ့ကိုခိုင်းဖို့ခေါ်ထားတယ်လို့သာမှတ်ထားလိုက် ”
“အို ဒေါ်လေးကလဲတော် ”
ထူးခန့်သူ့နဲ့ပြန်လာတဲ့တလျှောက်လဲ ဘာစကားမှထွေထွေထူးထူးမပြောသလို နောက်ကျတဲ့အတွက်တောင်းပန်ရုံသာဆိုသည်။
သူ့နာမည်အတာဆိုတာကိုလဲအမေခေါ်မှသိသလို တလမ်းလုံးလဲ စိတ်တိုနေ၍ သူ့ကိုဘာမှမမေးမိ။
“ဒါနဲ့အဖေရော ဟင်း သားမှာတော့ထင်ထားတာက သားပြန်လာရင်အဖေရောအမေရောဝမ်းသာအားရနဲ့ကြိုနေမယ်လို့ထင်ထားတာ အခုတော့တခြားစီပဲ ”
“အပြောမစောပါနဲ့သားရာ ဒီမှာကြည့် သားစားဖို့ဖိုထောင်တို့ခုံက အဖေအမဲတစ်တွဲသွားဆွဲနေတာ ခိုင်းစရာလူကလဲမရှိလို့ အဖေကိုယ်တိုင်သွားယူနေတာ ”
လက်ထဲမှ နီရဲရဲ အမဲသားတစ်တွဲအား ဆွဲလာတဲ့အဖေကပြောသည်။အဖေကမမြင်တာကြာလို့လားမသိဘူး ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်းနေသည်။
ဟုတ်တော့လဲဟုတ်သည် သူကသာအပြစ်မြင်နေတာ အားလုံးကသူ့အလုပ်နဲ့သူတော့ မိမိအားကြိုဆိုနေကြပါသည်။
ဒီတော့ထူးခန့်စိတ်ကိုလျှော့ချလိုက်သည်။
“ပြီးရော ဒါဆိုသားသွားနားတော့မယ် တရေးအိပ်မယ် အိပ်ပြီးမှထမင်းစားမယ် ”
“ထမင်းအရင်စားလိုက်ပါလားသားရဲ့ ဗိုက်ဆာနေရင်အိပ်ပျော်မှာမဟုတ်ဘူး ”
“ဟင် သားပင်ပမ်းနေလို့ အရင်အိပ်မယ် ”
“ကဲ ပြောမရလဲအိပ် အတာ ငါ့သားအိတ်တွေကိုသူ့အခန်းထဲလိုက်ပို့ပေးလိုက် ”
“ကျုပ်လဲ ကူဆွဲမယ် ”
“ချစ်စု နင်နေရာတကာပါ ပါ့ပဲ ဒီလောက်တော့သူသယ်နိုင်ပါတယ် နင့်ကိုတခြားခိုင်းစရာရှိသေးတယ်နေခဲ့ ”
အတာကို ချစ်စုမ က ကူပြီးအိတ်ဆွဲပေးမယ်လုပ်တော့အမေကဆူသည်။ဒီတော့ချစ်စုမ နှုတ်ခမ်းကြီးစူကာကျန်နေရစ်သည်။
ထူးခန့်အခန်းတံခါးကိုဖွင့်ကာ အထဲကိုဝင်လာခဲ့သည်။နောက်မှ အတာက အိတ်တွေဆွဲကာပါလာသည်။
ငယ်စဥ်ကတည်းကနေခဲ့တဲ့မိမိရဲ့အခန်း အခန်းကိုတော်တော်လေးကိုပြင်ဆင်ထားပြီး မြို့ကအခန်းထက်ပင်ပို၍ကောင်းနေသလိုပင်။
“အိတ်ကိုဘယ်ထားရမလဲ ”
“ဟင် ”
သူ့ရဲ့အမေးကြောင့်ထူးခန့်သူ့ကိုကြည့်တော့သူကမျက်နှာလွှာအားချထားလိုက်သည်။
“အိတ်ဘယ်ထားခဲ့ရမလဲလို့ ”
“ဪ အဲနားပဲထားခဲ့လိုက်ပါ ”
သူ့ကိုကြည့်ကာပြန်မေးတော့ထူးခန့်ဖြေလိုက်သည်။အတာဆိုတာ သေချာကြည့်မှ အရမ်းချောတဲ့ယောကျ်ားတစ်ယောက်ဆိုတာထူးခန့်မြင်ရသည်။
“ကျုပ်ဘာလုပ်ပေးရအုံး မလဲ ”
“ရပါပြီ ဒါနဲ့ မင်းအသက်ကဘယ်နှနှစ်ရှိပြီလဲ ”
မဆီမဆိုင်မေးခွန်းကိုမေးလိုက်တဲ့ထူးခန့်ကြောင့် အတာကြောင်သွားပြီ နောက်မှထူးခန့်ကိုကြည့်ကာ ဖြေသည်။
“၂၃နှစ်ပါ ”
“ဪ ”
အဲလောက်လို့မှန်းထားပြီးသေချာအောင်မေးလိုက်ခြင်းဖြစ်သည်။သူ့အသက်က ၁၇ဆိုတော့ သူ့ထက်၆ နှစ်တောင်ကြီးတာ မင်းငါမသုံးသင့်ဘူးလို့ကောက်ချက်ချလိုက်သည်။
“အဲဒါဆိုသွားလို့ရပါပြီ ”
“ဒါဆိုကျုပ်သွားတော့မယ် ”
ဆိုကာအခန်းထဲမှထွက်သွားသည်။ထူးခန့်လဲသူ့ရဲ့ပုံကိုစိတ်ထဲမှ ထိုသို့မှတ်ချက်များပြုနေသည်။
အသားကမဖြူမညိုနဲ့ လတ်တဲ့အထဲမှာပါသည်။အရပ်ကတော့သူ့ထက်လေးလက်မလောက်မြင်သည်။မျက်လုံးနဲ့မျက်ခုံးကအတော်ကောင်းကာ အကြည့်ချင်းဆုံချိန်၌ ထူးခန့်ရင်ထဲ ဒိန်းခနဲဆိုပြီးတောင်ဖြစ်သွားခဲ့သေးသည်။

ဆက်ရန်

ကျွန်တော်နှင့် ပုရိသ ယောကျာ်းများWhere stories live. Discover now