အမြဲဆီလိမ်းကာဖီးသင်ထားပေမယ့်အခုတော့အနည်းငယ်ပြန့်ကျဲနေသည့်ဦးမျိုးဆက်ထင်ရဲ့ဆံပင်များလက်ချောင်းလေးများနှင့်အသာယာကိုင်ကြည့်ရင်းပွတ်သပ်နေမိသည့်အခါ ဦးမျိုးဆက်ထင်ငြိမ်သက်လျက်။
''တောင်းပန်ပါရဲ့မောင်ခတ္တာ''
''တော်ပါတော့ဦးထင်ရယ် တစ်ညလုံးထိုင်ပြောနေပြီးမနက်ထိပါပြောဦးမှာလားဗျ''
ခတ္တာအိပ်မပျော်ခင်အချိန်ထိတောင်းပန်ကြောင်းကိုပြောနေ၍ အခုမနက်ထိပါတဖွဖွထပ်ပြောနေသောဦးမျိုးဆက်ထင်အားစိတ်မရှည်တော့။
''ကျွန်တော်ကဦးထင်အပိုင်ပါ နှစ်ဦးသဘောတူလက်ထပ်ပြီးသွားပြီးကိုဘာလို့တောင်းပန်နေရတာလဲဗျ''
ထိုအခါ ရင်ခွင်ထဲသို့ပိုတိုးဝင်လာသည့်ဦးမျိုးဆက်ထင်မှာတကယ့်ကိုကလေးလိုလုပ်နေသည်။
''ကျုပ်ကြောင့်မင်းအနာတရဖြစ်သွားရတာကို''
ဦးမျိုးဆက်ထင်ရဲ့အသံဟာ ညည်းညူသံနှင့်အတူချွဲ့နွဲ့ကာတိုးတိုးလေးထွက်လာသည်မလို့ခတ္တာအူတွေယားလွန်း၍နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ ဘယ်လိုလူကြီးပါလဲ ဒီလိုပုံစံဟာညတုန်းကနှင့်တစ်စက်ကလေးမျှတူမနေ ၊ ချစ်စရာကောင်းလွန်းသည့်လူကြီးရဲ့မျက်နှာကိုလှမ်းကြည့်ရန်ကြိုးစားပါသော်လည်း ရင်ခွင်ထဲဖောက်ဝင်မတတ်ပူးကပ်ထားသည်မလို့လက်လျော့လိုက်ရသည်။
''ဦးထင်''
''ဗျာ...''
ခတ္တာမျက်ဝန်းအိမ်လေးဟာကျယ်သွားပြီးအံ့သြလွန်း၍ဖိကိုက်ထားမိသည့်နှုတ်ခမ်းလေးဟာလည်းပွင့်ဟသွားသည်။ဒါဟာပထမဆုံးအကြိမ်အဖြစ်ဦးမျိုးဆက်ထင်ဆီမှ ''ဗျာ''ဟုထူးသည့်အသံလေးဖြစ်ပြီးနားဝင်ချိုလွန်း၍ဖုန်းများရှိရင် Record ပင်ဖမ်းထားချင်မိသည်။
ခန္ဓာကိုယ်အကြီးကြီးအားတင်းကြပ်စွာဖတ်ထားမိသည်။နောက်ဆုံးတော့ဒီလူနှင့်တသက်လုံးနေသွားရတော့မည်ဖြစ်ပြီးဒီလူပေးသည့်နူးညံ့သောအရာမှန်သမျှအားခတ္တာကသာအပိုင်ရလိုက်ပြီ။
''ပန်းရုံထဲမှာကျွန်တော့်ကိုဦးထင်ဆံပင်လေးသပ်ပေးလိုက်တဲ့နေ့လေမှတ်မိသေးလားဗျ''
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...
အပိုင်း ၆၅
Start from the beginning