EPISODE 34

1.9K 200 6
                                    

Unicode

ရူရူက နှုတ်ဆက်လာသည့် အခြွေအရံအားလုံးကိုခေါင်းလေးငြိမ့်ပြရင်း ဥယျာဉ်ဘက်ကိုဆက်သွားလိုက်သည်။

အခြွေအရံများမှာ သူတို့ မဟေသီရဲ့ လှိုက်ဖိုဖွယ် အလှကြီးလှနေမှုကြီးကို ပင့်သက်ရှိုက်ကြရင်း သတိလွတ်နေကြတော့သည်။

ဘုရားရေ...ဤမျှလောက်တောင်ကျက်သရေရှိရပါသလား ! ဤမျှလောက်ကြီးလှရက်နိုင်ပါသလား။ရက်စက်ပါပေ့ လောကကြီးရယ်...

"ငါတို့မဟေသီလေးရဲ့ရုပ်ရည်ရူပကာကို ယှဉ်နိုင်တဲ့သူများ ရှိနိုင်ရိုးလား ! "

"အို ငါတော့ တစ်သက်နဲ့တစ်ကိုယ် ရှင်သန်လာတဲ့နှစ်ရာချီမှာ မဟေသီလေးဟာ အချောဆုံး အလှထိပ်ခေါင်တင်ပဲ ! "

"ရှင်တို့အဲ့လောက်ကြီးလည်း ဖြစ်မနေကြနဲ့ဦး၊ ကျုပ်ကြားဖူးတာရှိတယ် ! "

"ဘာများလဲ "

"မဟေသီသခင်ရဲ့ မွေးဖခင်က မဟေသီရဲ့ ဆယ်ဆပိုချောတယ်ဆိုပဲ၊ နတ်သူငယ် မျိုးရိုးနဲ့ ရင့်ကျက်ပြီး အဆိပ်ပြင်းတဲ့နတ်ဒေဝီအလှတဲ့တော်..."

"ဟေ..."

အားလုံးကဒုတိယအကြိမ်ပင့်သက်ရှိုက်မိကြပြန်သည်။

"မဟေသီတောင် ဒီလောက်ဖြစ်နေတာ သူ့မွေးဖခင်ဆိုရင်တော့..."
ရူရူတို့က စိတ်စွမ်းအားမြင့်မားသူတွေဖြစ်တာမို့ အခြွေအရံများရဲ့စကားဝိုင်းကို အတိုင်းသားကြားနေရ၏။ မူလက ချီးကျူးသံတွေကို ရူရူလျစ်လျူရှုနိုင်‌ ပေမယ့် ဖေဖေ့ အကြောင်းရောက်လာတဲ့အခါမှာတော့ သူ့လက်သီးဆုပ်ကလေးဟာတင်းခနဲဖြစ်သွားပြီး မေးရိုးလှလှကလေးဟာလည်း အံကြိတ်လိုက်သည်ကြောင့်ထင်ပါသည်။ ထင်းခနဲ ချင်းခနဲ။
ရူရူတစ်ယောက် မျက်၀န်းအိမ်မှာ ဝေ့လာတဲ့ အရည်ကြည်တွေကို ပုတ်ခတ်ကာ မထွက်လာစေဖို့ ချုပ်တည်းလိုက်ရင်း ဟက်ခနဲရယ်လိုက်သည်။ သူ့ကတိကိုသူမေ့တော့မလို့ ! သူ ဖေဖေ့ကိုခမည်းတော်ဆီပြန်လည်မခေါ်ဆောင်နိုင်မချင်း သူ့မျက်ရည်တွေကို အလကားသက်သက် အကျခံနိုင်မှာ မဟုတ်။
ရူရူက  နန်းမြနှင့်နန်းနွယ်တို့ကို ကြည့်ရင်းမချိပြုံးလေးပြုံးပြလိုက်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now