EPISODE 35

2.1K 211 7
                                    

Unicode

"အသူရာတွေနဲ့ စစ်တိုက်ဖို့ဖြစ်လာသတဲ့လား..."

ရူရူက နန်းဆောင်ရဲ့ ထောင့်မှာ ရှိတဲ့ သစ်ခွပန်းပင်လေးကိုသူ့လက်သွယ်လေးနဲ့ ထိတွေ့လိုက်ပြီး ပြုံးလိုက်သည်။

"သူတို့ကတစ်ကယ်ကြီး အရှင့်ကို ဖယ်ထုတ်ဖို့စဉ်းစားနေကြတာပဲ...သူတို့ဆိုမှ အရှင့်ခမည်းတော်အပါအ၀င်ပေါ့..."

ရူရူတစ်ယောက် နည်းနည်းတော့ အံ့ဩခဲ့ရသည်။ သားတော်အရင်းကို အန္တရာယ်များတဲ့ စစ်ပွဲကိုဦး‌ဆောင်ခိုင်းပြီး ပြိုင်ဘက်တွေကို အခွင့်အရေးပေးလိုက်သည်တဲ့လေ။ ဘယ်လိုတောင်ဖခင်မေတ္တာခမ်းခြောက်နေမှု မျိုးပါလိမ့်။

"ကျွန်တော်ပြောပြမယ်...ရူရူသေချာနားထောင်နော် "

နတ်ဘုရားငယ်က သလွန်ပေါ် ထိုင်နေရာမှ ရုတ်တရက်ကြီး ပျံသန်းလာကာ ရူရူ့ကို ပွေ့ချီမပြီး နန်းဆောင်ရဲ့ ခေါင်မိုးပေါ်သွားလိုက်သည်။

"ကျွန်တော့်မှာ ခင်တွယ်စရာဆိုလို့ သျှင်စံနဲ့ ခမည်းတော်တို့လောက်ပဲရှိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အသက်နဲ့လဲပြီး တန်ဖိုးထားရတဲ့ အဖိုးတန်လေးကတော့ ရူရူတစ်ယောက်ပဲရှိတယ်။ အဲ့ဒီတော့ ရူရူသာ ကျွန်တော့်ကို ပစ်ပယ်သွားရင် ကျွန်တော်...."

နတ်ဘုရားငယ်လေးက ဆယ်ကျော်သက်‌အရွယ်ဖြစ်တာမို့ တောင့်တင်းခိုင်မာလွန်းသည့် ခန္ဓာမရှိသော်လည်း သူ့အရွယ်နှင့်သူတော့ ကျစ်လျစ်ကာ ကြည့်ကောင်းသည့်အထဲတွင်ပါသည်။ ယခုလည်း အပေါ်၀တ်ရုံကို ချွတ်ကာ ပြလိုက်သည့် အခါ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာကျင်းသွားပြီး နတ်ဘုရားငယ်၏ အ၀တ်မဲ့ ခန္ဓာကိုယ်သည် အနီရောင် သွေးကြောများကဖောင်းထလျက် ကြောက်မက်ဖွယ်ဖြစ်နေသည်။အချို့ သွေးကြောများက ပေါက်ထွက်မတတ် ထင်းနေပြီး အချို့ကနီရဲကာ နတ်ဘုရားငယ်၏ ခပ်ဖြူဖြူ အသားအရေပေါ်တွင် ထူးခြားနေပြန်သည်။

"အရှင်...ဒါတွေက ..."

"ကျွန်တော့်အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ စွမ်းအားတွေကို လက်ခံထားမိလို့ ဒဏ်ခံရတာ..."

ရူရူတစ်ယောက် အံ့ဩလွန်းမကအံ့ဩနေကာ မျက်လုံးလေးပြူးလျက် ကြောင်အနေတော့သည်။ သူဘာမှကိုမပြောနိုင်တော့။ မပြောရက်တော့တာဆိုပိုမှန်လိမ့်မည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now