အပိုင်း ၂၈

609 57 3
                                    


"ဘာလာလုပ်တာလဲ"

အေးစက်စက်စကားကို မျက်မှောင်ကျုံ့လို့ဆိုလာသူက သူ့ကိုမကြိုဆိုဟန်။ရင်ထဲမျက်ကနဲဖြစ်သွားခြင်းဟာ ဝမ်းနည်းခြင်းတွေခံသွားလို့နေမှာ။

"မဂ်လာပွဲကို မတက်ဘူးလား "

"အဲ့တာငါ့သဘော"

"လေးရက်ပဲလိုတော့တာလေ ခရီးထွက်အုံးမလို့လား"

"ကျစ်...ငါနဲ့ရင်းနှီးနေသလိုလာမလုပ်ပါနဲ့လား"

"မရင်းနှီးခဲ့ကြလို့လား"

"သေဆုံးသွားခဲ့ပြီးသား ရင်းနှီးမှုတွေကို ဘာနဲ့အသက်သွင်းချင်နေတာလဲ"

"ကိုယ်မမှားခဲ့ဘူးလေဥယျာဉ်မှူးလေးရယ် ဖြစ်ကိုဖြစ်လာမဲ့အခြေအနေမှာ ကိုယ်ပါဝင်ခဲ့ရုံလေးတင် ငွေ့လည်းသိပြီးသားဖြစ်မှာပါ ကိုယ်မရှိရင်တောင် ကိုCeanအခြေနေနဲ့ဆို ဘာမဆိုဖြစ်လာအောင်စွမ်းဆောင်နိုင်ပြီးသား အစ်ကိုဖြစ်သူကိုကူညီရုံကလွဲရင် တခြားရည်ရွယ်ချက်တွေကင်းခဲ့ပါတယ်"

"အဲ့တာနဲ့ပဲငါက အရာအားလုံးကိုပြည်ဖုံးကားချရမယ်ပေါ့ စိတ်မချရတဲ့လူလက်ထဲကို မျက်စိမှိတ်အပ်ပြီး .."

"စိတ်ချလို့ရပါတယ်ငွေ့ အစ်ကိုဖြစ်သူမို့ကာတာမဟုတ်ပါဘူး လခြမ်းထွက်သွားကတည်းက ကိုCeanပြောင်းလဲနေခဲ့တာမျက်မြင်မို့ပါ သူတကယ်မြတ်နိုးတာပါ"

"ပြောစမ်းပါအုံး အကြောင်းပြချက်မရှိ မုန်းတီးနေပြီးမှ အခုမြတ်နိုးလို့ပါဆိုပြီးအပိုင်လိုချင်နေရအောင် ကောင်းသောတွေ့ဆုံခြင်းတွေဘယ်တုန်းကရှိခဲ့ဖူးလို့လဲ"

"ကိုCeanကမသိခဲ့တာပါ ဟိုးအရင်ကတည်းကစိတ်ထဲမှာရှိနေခဲ့တာကို မာနတွေကြောင့်လွဲနေခဲ့တာ အခုအဲ့မာနတွေထက်ပိုတဲ့ချစ်ခြင်းတရားကြောင့် သူ့စိတ်ကိုသူလက်ခံခဲ့တာ"

"ယုံရမယ်ပေါ့"

"ယုံမှရမယ် ငွေ့စိတ်ကလေးအေးချမ်းနေဖို့ ယုံကြည်ပေးရမယ်"

"ဟာသပဲ ပြောကြည့်ပါအုံးသူဘာတွေများပြောင်းလဲခဲ့လို့လဲ အမုန်းကနေအချစ်ကိုပြောင်းသွားတယ်ဆိုတဲ့စကားကလွဲရင် အခုလည်းအရင်လိုအနိုင်ယူနေတာပဲမလား အရင်တုန်းကသူစိမ်းအနေနဲ့ အခုတော့သူ့လက်ထဲမှာစိတ်ကြိုက်ချယ်လှယ်လို့ရတဲ့ရုပ်သေးအနေနဲ့ အခုတရားဝင်အနေနဲ့ဆိုတော့ဘယ်သူမှဝင်စွက်ဖက်ခွင့်မရှိတော့တာပေါ့"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now