EPISODE 37

1.9K 246 13
                                    

Unicode

"မဟေသီဘုရား "

နန်းနွယ်က မဟေသီဘုရားကိုဘေးနားကတွဲလာပြီး ခစား၏။သူမအနေနဲ့ ဧည့်ခန်းမဆောင်အတွင်းစကားဝိုင်းမှ နေနတ်ဘုရားအရှင်သခင်ရဲ့သဘောထားကို ရိပ်မိတာမို့ ဆက်လက်ပြီးဘာဖြစ်မယ်ဆိုတာကို သူခန့်မှန်းလို့ရနေပြီဖြစ်သည်။ သူမ တင်မဟုတ်မဟေသီအရှင်ပါ သိနေပြီးဖြစ်မည်။

"နန်းမြကို ကြိုတင်ပြင်ဆင်ဖို့ လှုံ့ဆော်ခိုင်းထားလိုက်ပါပြီ "

"အင်း..."

မဟေသီဘုရားက တည်ကြည်တဲ့ အသွင်အပြင်သာရှိပြီး သူ့မှာ ဤဖြစ်ရပ်ကြီးအပေါ် အဖြေရှိသည့်ပုံပေါ်လေရာ နန်းနွယ်အဖို့ အနည်းငယ်တော့ စိတ်အေးမိသည်ပင်။

"ငါတို့တာ၀န်က စစ်သူကြီး နှစ်ယောက် သူတို့ရဲ့လုပ်စရာရှိတာတွေကိုလုပ်ပြီးတဲ့အထိ ကြားထဲမှာ တောင့်ခံရုံပဲ၊"

"မီးနတ်ဘုရားသခင်ကရော မဟေသီဘုရား"

မဟေသီဘုရားက နန်းနွယ်ကိုလှည့်ကြည့်ရင်း ပြုံးပြလေသည်။ ဤအပြုံးရဲ့  အဓိပ္ပာယ်ကသိပ်ကို နက်ရှိုင်းပြီး သိမ်မွေ့လေရာ နန်းနွယ်တစ်ယောက် ကျက်သီးပင်ထသွားပြန်၏။တစ်ပြိုင်နက်မှာပင်ညထုတ်ဖော်ပြောစရာမလိုပါဘဲ သဘောပေါက်သွားတော့၏။

********************

နန်းဆောင်တစ်ခု၏ ကုတင်ပေါ်တွင် ချောမောပြီးတည်ကြည်သည့် လူရွယ်လေးကအိပ်မောကျနေပြီး ပိုပြီးသေးသွယ်သည့် အလှလေးတစ်ယောက်ကလည်း ထိုအခြင်းအရာကိုစောင့်ကြည့်နေ၏။သူ့ရဲ့မျက်၀န်းအိမ်တို့ကအဓိပ္ပာယ်ဖမ်းယူရန်ခက်ခဲပြီး တစ်စုံတစ်ခုကိုရတက်မအေးဖြစ်နေပုံပေါ်ပြန်သည်။

ရုတ်တရက် ကုတင်ပေါ်တွင်အိပ်မောကျနေသည့် လူရွယ်လေးက အနည်းငယ်လှုပ်လာပြီး မျက်၀န်းတို့က ဖျတ်ခနဲ ပွင့်လာ၏။

"အဓိပတိ ! "

မတ်တပ်ရပ်နေသည့် လူငယ်လေးက စိုးရိမ်တကြီးနဲ့ ကုတင်ပေါ်က အဓိပတိရာဇရဲ့ နှဖူးလေးကို ထိကြည့်လိုက်သည်။ ဆေးစွမ်းပြယ်နေပြီ။ စိတ်စွမ်းအားတို့ကလည်း နဂိုအခြေအနေပြန်ရောက်နေပြီ။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now