အစ်ကိုသည် သျှားမြတ်စေသာကို
မင်းသားလေးတစ်ပါးလို ပြင်ဆင်ပေးထားသညိ။
အဖြူရောင်အတွန့်အဖက်လေးနှင့် အင်္ကျီ
အဖြူရောင်ဘောင်းဘီလေးနှင့် ဖဲပြားလေးပါ
စည်းထားလေသော သျှားမြတ်စေသာသည်
တော်၀င်မင်းသားလေးတစ်ပါးလို အသွင်။ချစ်ရသော အမျိုးသားသည် အဖြူခံမှာ ရွှေရောင်လေးတွေပါရှိသော အပေါ်ထပ်လေးကို
သျှားနှင့်ဆင်တူ၀တ်ဆင်ထားလို့ ၀တ်ရုံတစ်ထည်ကို
ထပ်ထားသည်။
သျှားမြတ်စေသာ အစ်ကို့ကို ငေးမောလို့မ၀ပေ။
လက်ထဲသို့ ရောက်ရှိလာလေသော
လာဗင်ဒါပန်းစည်းလေးကို ခပ်ဖွဖွလေးဆုပ်ကိုင်ထားမိသည်။အစ်ကို့ကို ပန်းစည်းပေးတဲ့နေ့ကိုလည်း
သျှားမြတ်စေသာ ပြန်တွေးမိသည်။
ဒီရေခဲတုံးကြီးကို သူဒီလောက်ချစ်မိသွားမည်ဟု
မထင်ထားခဲ့ပေ။ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တွင် ပြုလုပ်သည်ဖြစ်ရာ
လူတိုင်းသည်
သျှားတို့ကို ငေးကြည့်နေတဲ့အခါမှာ
သျှားမြတ်စေသာ ခေါင်းလေးကို မသိစိတ်ကအနည်းငယ်မော့မိသည်။
အကြောင်းအရင်းကို ရှာလျှင် အစ်ကိုသည် သူ၏အပိုင်ဖြစ်သောကြောင့်သာ ဖြစ်နေလိမ့်မည်။ခွန်းထက်လွင် သူ၏လက်ကိုတွဲထားလေသော
အမျိုးသားလေး၏ ခံစားချက်အနိမ့်အမြင့်လေးကအစ
သတိထားမိတဲ့အခါမှာ နူးညံ့စွာပြုံးလိုက်သည်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းပြီး စိတ်လှုပ်ရှားနေတဲ့ ကလေးငယ်လေးလည်း။စိတ်မ၀င်စားသယောင်လေးရှိခဲ့ပေမယ့် တကယ်စီစဥ်တဲ့အခါမှာ ဒီအမျိုးသားလေးသည် ညနက်ကြီးမှာတောင်
ဗီဒီယို မျိုးစုံကို ကြည့်နေကာ မှတ်သားထားတတ်သေးသည်။ခွန်းထက်လွင် လက်တွဲထားလေသော
သျှားရဲ့လက်ကလေးပေါ်ကို ထပ်ကိုင်လိုက်လျှင်
ပင်လယ်ပြာရောင် မျက်၀န်းလေးထဲမှ ပျော်ရွှင်ခြင်းတွေကို ခံစားရသည်။သတ်မှတ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာ
သျှားမြတ်စေသာသည် သူ၏ လက်စွပ်ဘူးလေးကို
ထုတ်ယူလိုက်သည်။ရိုးရှင်းတဲ့ လက်စွပ်ကလေးနှစ်ခုတွင်
လာဗင်ဒါပန်းခတ်လေးတွေ အနည်းငယ်ပါရှိသညိ။
နှစ်ခုသာ ထပ်လိုက်မယ်ဆိုလျှင် လာဗင်ဒါပန်းစည်းအသေးစားလေးအဖြစ် ပုံဖော်သွားလိမ့်မည်။
YOU ARE READING
Melting In Love (Complete)
Romanceမြင်မြင်ချင်း ချစ်မြတ်နိူးတဲ့အချစ်ရဲ့ လက္ခဏာကို ဖော်ပြခြင်ရင် လာဗင်ဒါလေးကို ပေးလို့ရတယ်။ ဒါကြောင့် ကိုယ် ခင်ဗျားကို လာဗင်ဒါပေးမယ်။ #သျှားမြတ်စေသာ မြင်မြင်ချင်း ချစ်မြတ်နိုးတဲ့အချစ်ရဲ့ လက္ခဏာကို ဖော်ပြခြင်ရင် လာဗင်ဒါလေးကို ပေးလို့ရတယ်။ ဒါကြောင့်...