EPISODE 39

2.1K 263 17
                                    

Unicode

အားလုံးရဲ့အကြည့်တို့က အသံရဲ့လားရာဆီသို့ရောက်ရှိကြချိန်မှာပဲ ကြီးမားပြီးလွှမ်းမိုးမှုအားကောင်းလှတဲ့ နတ်ဘုရားတစ်ပါးရဲ့ စိတ်စွမ်းအင်ကသူတို့အားလုံးကို ဖိနှိပ်ထားပြီးဖြစ်သည်။

ဘုရားရေ ... မီးနတ်ဘုရားကပြန်လည်ရောက်လာခဲ့ပြီ !

အဟုတ်ပင် မီးနတ်ဘုရားက မာကျောခက်ထန်တဲ့မျက်နှာထားနဲ့ စွမ်းအင်ဖိနှိပ်မှုကိုအသုံးချကာ တစ်ဖြည်းဖြည်းနဲ့ မြေပြင်ပေါ်သို့ သက်ဆင်းလာခဲ့တာဖြစ်သည်။

ပြောတော့ မီးနတ်ဘုရားက အသူရာတွေဘက်ကိုပါသွားပြီး ကောင်းကင်ဘုံကိုသစ္စာဖောက်ဖျက်သွားတာဆို။ အခုကဘယ်လိုဖြစ်ရတာလဲ ?

နတ်ဘုရားအချို့က နေနတ်ဘုရား၊လနတ်ဘုရားနဲ့ ကြယ်နတ်ဘုရားတို့ကို အပြစ်တင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြပြီး ဒီနေရာကို လိုက်လာမိတာကို နောင်တရနေကြတော့သည်။

"မင်းတို့အားလုံးက ငါ့ကို သစ္စာဖောက်တယ်လို့ပြောချင်နေကြတာလား ..."

"မ...မဟုတ်..."
လနတ်ဘုရားကရှေ့ကိုတစ်လှမ်းတိုးကာ မီးနတ်ဘုရားကိုစွပ်စွဲလိုက်၏။

"အိုး..."

ကြယ်နတ်ဘုရားက နေနတ်ဘုရားရဲ့ ခြေထောက်တွေကိုဖက်တွယ်ရင်း သူ့လည်ပင်းဆီမှ ပူလောင်လာသည့် ဖိနှိပ်မှုကိုလည်း မခံစားမနိုင်လောက်အောင်ဖြစ်ကာ အော်ဟစ်နေရတော့သည်။

"အဓိပတိရာဇ ...မင်းဘာလုပ်လိုက်တာလဲ ! "

"စည်းမစောင့်တဲ့ ပါးစပ်ကို ပိတ်လိုက်တာလေ၊ ဘာလဲ မင်းကိုရော ပိတ်ပေးရဦးမှာလား "

"တိတ်စမ်း ! မင်းကိုယ်မင်းဘာထင်နေသလဲ မီးနတ်ဘုရားတစ်ပါးက ကောင်းကင်ဘုံကို သစ္စာဖောက်ပြီး ရာရာစစ နတ်ဘုရားတစ်ပါးကိုပါ အန္တရာယ်ပြုရဲတယ်ပေါ့လေ တယ် ! "

နေနတ်ဘုရားက ဒေါသထွက်နေသည့်ဟန်ဖြင့်ပြောလိုက်ပြီးနောက် ဘေးနားက နတ်စစ်သည်များကိုပါ အရိပ်အကဲပြရင်း

"ဒီကမီးနတ်ဘုရားကို ဖမ်းဆီးလိုက်ကြ၊ အပြစ်ကိုတော့ အုပ်ချုပ်သူနတ်ဘုရားကို ချမှတ်စေမယ် "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Onde as histórias ganham vida. Descobre agora