EPISODE 41

1.8K 213 1
                                    

Unicode

"မင်းကဘယ်လိုလုပ် ဒီကိုရောက်လာရတာလဲ ဟန်တျာ ! "

အုပ်ချုပ်အရှင်က အံ့အားတကြီးနဲ့မေးလိုက်သည်။မုခ်ဦးအရှင်တစ်ပါးက ဒီကိုရောက်လာစရာအကြောင်းမရှိ။အထူးအရေးကိစ္စနဲ့ ဆင့်ခေါ်ခံရရင်တောင် အနည်းဆုံး အချိန် တစ်ပတ်လောက် ကြာမြင့်သည့် ခရီးပင်။

"မုခ်ဦးမှာအစောင့်အရှောက်မရှိရင် ဒီစကြ၀ဠာကြီး ဘာဖြစ်မလဲဆိုတာ မင်းမသိဘူးလား ! "

"အဟင်း..."

ဟန်တျာကပြုံးလိုက်သည်။
အုပ်ချုပ်သူအရှင်တစ်ယောက်ကျက်သီးထသွားတော့သည်။ဒီလို အပြုံးကိုသူကြောက်တယ်။သူတို့သားအဖရဲ့ အပြုံးတွေနောက်ကွယ်မှာ ရက်စက်မှု၊တွက်ဆမရတဲ့ ပဟေဠိ တွေအများကြီးပါ၀င်တာကို သူ့ရဲ့ အတွေ့အကြုံအရသိခဲ့ပြီးပြီလေ။

"ကျွန်တော်က အဲ့ဒီနေရာမှာ ရှိနေရမယ်သူ အစစ်အမှန်ရော ဟုတ်ရဲ့လား ? "

ဟန်ဟန်ကရှေ့ကိုတစ်လှမ်းတိုးကာ အုပ်ချုပ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဆက္ကနန္ဒရဲ့ ခင်ဗျားအပေါ် ထားရှိတဲ့ ရိုသေလေးစားမှု အားနည်းချက် ပျော့ကွက်ကို ကိုင်တွယ်ပြီး မကောင်းမှုကို စဉ်းစားဆင်ခြင်ဉာဏ်မရှိ တစေလုပ်တတ်တဲ့ ခင်ဗျားရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ကအကုန်သိရှိပြီးပြီဆိုရင်ရော ..."

"ကျွန်တော့်ကို လူ့ပြည်မှာ အဆုံးသတ်စေပြီး စကြ၀ဠာရဲ့ အဆုံးအစွန် မုခ်ဦးမှာ နေရာချထားစေတယ်၊ သားဖြစ်သူကိုပါ ကောင်းကင်ဘုံရဲ့ အစေခံအဆင့်တောင်မရှိတဲ့နေရာမှာ နှိမ်ချထားခဲ့လို့ ခင်ဗျားကို အသေအလဲတောင်းပန်ပြီး မှ ဒုတိယသားတော်ကိုကျွန်တော်နဲ့ အတူထားခွင့်ရခဲ့တယ်။"
"အဲ့တာက ငါ့အပြစ်မဟုတ်ဘူး ၊ ငါ့ကိုလာအပြစ်မတင်နဲ့ လူမုန်းများအောင် မမေတတ်မထိုင်တတ် ဂုဏ်မောက်တဲ့ မင်းကိုယ်မင်းပဲအပြစ်တင် "

"မင်းတို့ သေပြီးသားဝိညာဉ်တစ်ကောင်ကို‌ အမြဲအတူထားလို့မရဘူးကွ ! "

"သူကလူ့အသွင်တောင်မဖြစ်သေးဘူးလို့ ငါတို့ပြောခဲ့တယ်လေ ! ကြာဖူးထဲကိုပြန်၀င်စားစေပြီး ငါ့ရဲ့ ၀မ်းမှာ သန္ဓေ ထပ်မံတည်စေမယ်လို့ပြောခဲ့တာတောင် ခင်ဗျား သဘောတူခဲ့လား !  ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံရတဲ့ သားတော်ဆိုပြီး အမြဲဂုဏ်ယူနေခဲ့ရတဲ့ ဆက္ကနန္ဒက ခင်ဗျားကို အပြစ်မမြင်ခဲ့ပေမယ့် ခင်ဗျားကတော့ ပလ္လင်အတွက်  အမြဲတမ်း  စိတ်မအေးဖြစ်နေခဲ့တယ် "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now