EPISODE 42

1.7K 193 1
                                    

Unicode

"ကျွန်ုပ်တို့ကိုခွင့်ပြုပါဦး အုပ်ချုပ်သူအရှင် ၊ "

ဟန်ဟန်က အဓိပတိရာဇကို ကိုယ်လေးရို့ကာပြောလိုက်သည်။သူ့ဘေးနားမှာတော့ ရူရူကဘယ်တုန်းကမှမပြုမူခဲ့ဖူးသည့် စိတ်ကောက်ခြင်းအမှုကိုပြုနေလေရဲ့။

"ကောင်းပါပြီ ယောက္ခမတော်၊ အဏီရာမင်းကြီးကိုလည်း ကျန်းမာပါစေမေးကြောင်း စကားလေးပါးပေးပါ၊ ဒီ သားမက်တော်က မကြာမီကာလအတွင်း လာရောက် ဂါရ၀ပြုလှည့်ပါ့မယ်၊"

"ကောင်းပါပြီကွယ်၊ စကားပါးလိုက်ပါ့မယ်၊ နောက်ပြီး "

ဟန်ဟန်ကရှေ့ကိုကိုယ်လေးရို့ကာ မျက်နှာရိပ်မျက်နှာသန်းပြလိုက်တော့ အဓိပတိရာဇကလည်း ဟန်ဟန့်အနားကို မသိမသာလေးတိုးလာလိုက်သည်။

"မင်းရဲ့ မဟေသီလေးကို အကြာကြီးမနေစေရဘဲ မင်းဆီကို ပြန်လွှတ်လိုက်ပါမယ်ကွယ်"

"အာ...မိသားစုတွေ အခုမှ စုံစုံလင်လင်တွေ့ဆုံရမှာကို ကျွန်တော် ကိုယ်ချင်းစာ နားလည်နိုင်ပါတယ်၊ ခပ်ကြာကြာနေလည်းရပါတယ်၊ရူရူ ပြန်မလာတော့မှာကို စိုးရိမ်မိတာပါ"

"ကျစ်...ဒီကလေး၊ ဒီလိုစိတ်ထားနဲ့တော့ မင်းရေရှည်ခက်ဦးမှာမြင်ယောင်မိသေး၊မင်းရဲ့ရူရူကို အရမ်းအလိုမလိုက်နဲ့၊ "

"ဒီသမက်က ရူရူ့ကို ချစ်ရတာကိုး၊အလိုလိုက်ရတာတောင် မ၀သေးပါဘူး"
ဟန်ဟန်ကခေါင်းလေးခါရင်း မလွယ်ဘူး မလွယ်ဘူး ဟုတီးတိုးပြောကာ နောက်သို့ပြန်ဆုတ်လိုက်သည်။ထို့နောက် စိတ်ကောက်နေသည့်သားတော်ကို လက်တို့ကာ

"ကိုယ့်ခင်ပွန်းကို  နှုတ်ဆက်လိုက်ဦးလေ၊အဲ့ဒီနားမှာ ဘာလုပ်နေတာလဲ "

"လီဘင်း ၊ဖေဖေတို့ ဟိုဘက်နားမှာသွားစောင့်ကြမယ်"

လီဘင်းက အဓိပတိရာဇကို ကိုယ်လေးရို့ကာ အရိုအသေပေးရင်း ဖခင်ဖြစ်သူရဲ့လက်လေးကိုတွဲကာ ထိုအနားမှထွက်သွားလိုက်သည်။

"ရူရူ အထိန်းတော်ကြီး ဦးမာဂနဲ့ နန်းနွယ် ၊ နန်းမြတို့ကို ထားခဲ့ပါမယ်။ သူတို့က နတ်ဘုရားတွေနဲ့ယှဉ်ရင် အစွမ်းမထက်ပေမယ့် အာဏာကိုတည်ဆောက်တဲ့‌ နေရာမှာ အများကြီး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ် "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now