EPISODE 43

1.6K 183 1
                                    

Unicode

"အဏီရာနန်းတော်ကထင်ထားတာထက်ပိုပြီး တည်ငြိမ်နေပါရောလား၊"

ရူရူကလီဘင်းရဲ့ခါးလေးကိုဖက်ရင်းမေးလိုက်သည်ညီအကိုလေး‌ယောက်သားခမည်းတော်တို့ နှစ်ယောက်ရဲ့ အချိန်ကောင်းလေးကို မနှောက်ယှက်ချင်တာမလို့ အကိုတော်ကြီး သူရိယအဏီရာရဲ့ နန်းဆောင်ကို သွားဖို့ဆုံးဖြတ်လိုက်ကြသည်။

"ပထမအကိုတော်နဲ့ ဟောဒီက ညီတော် တော်လို့လေ၊ ဟဲဟဲ ခြောက်လလောက်တော့ အမှိုက်တွေရှင်းလိုက်ရတယ် "

တာရာက ရင်ဘတ်လေးကော့ကာဂုဏ်ယူမဆုံးဟန်ဖြင့်ပြောလာသည်။

"အမယ်၊ အေးပါ ငါ့ ကြယ်လုံးလေးကတော်ပါတယ် "

"ရူရူ ! "

"မခေါ်နဲ့လို့ "

ရူရူက ခေါင်းခေါက်ဖို့ပြင်လိုက်ရာ တာရာက ရှောင်လိုက်ပြီး လီဘင်းရဲ့ဘေးကိုသွားလိုက်သည်။

"ဒုတိယအကိုတော်ကပိန်လိုက်တာ၊တတိယအကိုတော်ထက်တောင်သေးနေသလိုပဲ "

လီဘင်းကမူပြုံးရုံသာပြုံးသည်။သူ့ရဲ့ညီအကိုတွေနဲ့ အခုမှပြန်တွေ့တာမလို့ အစိမ်းသက်သက်ဖြစ်နေသလို ၀မ်းနည်းနေတဲ့ ခံစားချက်နဲ့ပျော်တဲ့ခံစားချက်တွေရောပြွမ်းနေတာလည်းဖြစ်နိုင်သည်။ကျန်တဲ့ညီအကိုတွေက ငယ်ဘ၀အကြောင်းတွေ ၀မ်းသာအားရပြောနေကြချိန်မှာ သူ့မှာတော့ ၀မ်းနည်းစရာအမှတ်တရများကသာ ခပ်များများ နေရာယူထားသည်မလား။‌ခမည်းတော်၊ဖေဖေတို့နဲ့အတူ ခရီးထွက်ခဲ့သည့် အမှတ်တရများရှိခဲ့တာကပင်စိတ်သက်သာရာရစရာကဲ့သို့မှတ်ယူရပေဦးမည်။
"ဒါနဲ့ ဟိုသားအမိတစ်တွေကို ရှင်းပစ်လိုက်ပြီဆို၊ နဂါးမိစ္ဆာကရော ဘယ်လိုဖြစ်သွားလဲ "

ရူရူကမေးလိုက်တော့ တာရာရော သူရိယရောက မျက်နှာ ပျက်သွားကြသည်။သို့ပေမယ့် တာရာကပင်
ပြုံးလိုက်ပြီး

"ဘဒ္ဒစုသီမိဖုရား... အဲ့ဒီမိန်းမက တော်၀င်သားရဲထိန်းကျောင်းက နဂါးမိစ္ဆာသားရဲ အသွင်ပြောင်းတဲ့ကာလနဲ့ကြုံကြိုက်ပြီး ကိုယ်၀န်ရသွားခဲ့တာ။"

"ဒါပေမယ့် နဂါးမိစ္ဆာကသားရဲထိန်း ကျောင်းကနေ ထွက်ပြေးလွတ်မြောက်သွားတာမလို့ ခမည်းတော်က ဘဒ္ဒစုသီတို့ သားအမိတစ်တွေကို မထိခဲ့ဘူး။ နဂါးမိစ္ဆာက သူ့ရဲ့ရင်သွေးတွေအတွက်ပြန်လာမယ်ဆိုတာကို တွက်ဆထားခဲ့တယ်"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now