EPISODE 44

1.6K 178 1
                                    

Unicode

မဟာအဏီရာမင်းကြီး၏ပထမသားတော်သည် မွေးစားဖခင်ဖြစ်သူ ဧကရီအရှင်မြတ် နတ်ရွာစံပြီးနောက် ပုန်ကန်သူများကို ခမည်းတော်၏အမိန့်အရ စတုတ္ထညီတော်နှင့်အတူ တိုက်ခိုက်ခဲ့ပြီး ပုန်ကန်သူ နဂါးမိစ္တာအပါအ၀င်၊ မိဖုရား ဘဒ္ဒစုသီ နှင့် သမီးတော် မဏီစုသီတို့ကိုပါ သုတ်သင်ခဲ့သည်ဟုဆိုသည်။သို့ရာတွင် ပုန်ကန်သူမိဖုရား၏ သားတော်များဖြစ်သည့် ဆဠမမင်းသား နှင့် သတ္တမမင်းသားတို့ကိုမည်သို့မည်ပုံစီရင်သည်ဟု နန်းတွင်း ကျမ်းများ၌ဖော်ပြမထားဘဲ ချန်လှပ်ထားလေရာ အထူးစိတ်၀င်စားဖွယ်ပင်။

တိုင်းပြည်အေးချမ်းစပြုချိန်တွင် ဧကရီအရှင်မြတ်အား လုပ်ကြံခဲ့သည့် အမှောင်အရှင်အား ကောင်းကင်ဘုံအုပ်ချုပ်သူ၏အကူအညီဖြင့် ဧကရာဇ်အရှင် ဆက္ကနန္ဒကိုယ်တော်တိုင် ကွပ်မျက်ကာသွေးကြွေးဆပ်ခဲ့၏။လောကတွင်ဘယ်အရာမှအလကားမရသလို ဤအကူအညီအတွက်လည်း ဆက္ကနန္ဒတစ်ယောက် ကြီးမားသည့် အလဲအလှယ်တစ်ခုပြုလုပ်ခဲ့‌ရလေသည်။ယင်းကား သားတော် တစ်ပါးအား နေနတ်ဘုရားထံ ကိုယ်လုပ်တော်အဖြစ်ဆက်သရန်ဖြစ်လေသည်။

တတိယသားတော် မရှိချိန်တွင် ပထမသားတော်ကို အရှင်ဧကရာဇ်က အမျိုးသား ကိုယ်လုပ်တော်တစ်ပါး ချီးမြှင့်ခဲ့ပြန်သည်။ထူးဆန်းသည်က အဆိုပါ ကိုယ်လုပ်တော်၏ ဇစ်မြစ်နှင့် နောက်ခံမိသားစုအကြောင်းကို ဖော်ပြမထားခြင်းပင်။

သို့ရာတွင် အဆိုပါ ကိုယ်လုပ်တော်သည် သမိုင်း၌ မှတ်တမ်း၀င် သူတစ်ယောက်ဖြစ်လာခဲ့၏။ ဧကရာဇ် သုံးပါးဆက်တိုက်ကို ကြိုင်းကိုင် ချယ်လှယ်ခဲ့သူ၊ မဟာအဏီရာမင်းဆက်ကို ကမောက်ကမဖြစ်စေခဲ့သူ၊ဘ၀ ဇာတ်သိမ်းမလှခဲ့ရှာသူ တဲ့။

********************

ဧကရီအရှင်မြတ်နှင့် သားတော် နှစ်ပါးပြန်ရောက်လာသည့် သတင်းက သက္ကအန္တလာပြည်တလွှား အုန်းအုန်းကြွပ်ကြွပ်ဖြစ်သွားခဲ့ပြီး လမ်းမများပေါ်၌ လူစုလူဝေးများဖြစ်စေသည်အထိ ပြည်သူများကို အရှိုက်ထိစေခဲ့သည်။
"အို ကြီးမြတ်လှတဲ့ အရှင်ဧကရီဘုရား၊ ခွင့်လွှတ်တော်မူပါ၊ကျွန်ုပ်တို့ရဲ့အပြစ်များက ကြီးမားလွန်းတာမလို့ ဘယ်လိုဘယ်ပုံနဲ့ အပြစ်ကိုပေးဆပ်ရန်မသိဖြစ်နေပါသည်ဘုရား၊  ကျေးဇူးတော်လည်း ဦးထိပ်တင်ပါသည် အပြစ်များကိုလည်း၀န်ချအပ်ပါသည်၊ ပြန်လည် ကြွမြန်းလာမှု အတွက်လည်း ကြိုဆို ဂါရ၀ပြုပါသည် ဘုရား "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now