EPISODE 45

1.6K 179 6
                                    

Unicode

အဏီရာနန်းတော် တံတိုင်းအနားကပ်လာလေ အပြင်ဘက်ကလူအုပ်ကြီးရဲ့အသံကပိုပိုပြီး ကျယ်လာလေပင်။ သူတို့က အရှင်ဧကရီကို တောင်းပန်ကြောင်း၊ ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံကြောင်းစသည်ဖြင့် အော်ဟစ်ငိုယိုနေကြသည်။သို့ပေမယ့် ရူစန္ဒာအဏီရာရဲ့ စိတ်ထဲမတော့ ဆူညံပူညံလုပ်နေတဲ့အဆင့်ထင်ပိုမနေခဲ့။ အာရုံနောက်စရာ လေယူရာယိမ်းတဲ့ သူတွေများမုန်းစရာကောင်းလိုက်တာ !

သူတို့တွေ တံတိုင်းပေါ်မှာ ရှိတဲ့ နန်းပြဿဒ်ဆီသွားလိုက်သည်။ စစ်သူကြီးဂါမဏိကမူ နန်းပြဿဒ်အတွင်းကို၀င်လာမခဲ့ဘဲ လက်အောက်ငယ်သားများကိုသာအချက်ပေးရင်း တံတိုင်းအောက်မှ လူအုပ်ကြီးကို စိစစ်ကြည့်လိုက်သည်။

စစ်သည်တစ်ဦးက တံတိုင်းမှ စည်တော်ကြီးကို သုံးခါ ထုလိုက်သည်။

ဒူ...ဒူ...ဒူ...

လူအုပ်ကြီးကချက်ချင်းပင်ငြိမ်ကျသွားလေရာ စစ်သူကြီးဂါမဏိက  တံတိုင်း၏ မြင်သာသောနေရာသို့သွားလိုက်ပြီး

"တိုင်းသူပြည်သားအားလုံးပဲ နားဆင်ကြပါ၊ ဟော ဟိုမှာ ရှိနေတာက အရှင့်သားတော် နှစ်ပါးဖြစ်တဲ့ ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့ပဲ၊ မင်းသားနှစ်ပါးက အရှင် နှစ်ပါးရဲ့ ကိုယ်စား သင်တို့ဆီကိုရောက်လာခဲ့ပြီ"

"အော် သားအ‌ဖတွေပါဆို "

"ဟဲ့ပြောမှပဲ ဒုတိယမင်းသားနဲ့ တတိယမင်းသားကအမွှာတွေနော် "

"အေးလေ "

"ထင်ပါတယ်၊ဒါပေမယ့် စတုတ္ထမင်းသားနဲ့ကျမတူဘဲ အထက်ကနှစ်ယောက်ကျမှ ရုပ်ရည်ချင်းချွတ်စွပ်သွားတူနေရတယ်နော် "

"ဟုတ်ပါ့အေ၊ ဘယ်လို အိမ်တော်က ဘယ်လို လူငယ်လေးတွေက ကံထူးဦးမလဲသိချင်စမ်းပါဘိတော်"

"လုပ်ပြန်ပြီအေ၊ ဧကရီဟန်တျာရဲ့သားတော်တွေကသာမန်လူသားနဲ့တော့ လက်ဆတ်ရပါ့မလားဟဲ့၊ ဒုတိယသားတော်ကိုပဲ ကြည့် ဟိုလူရနိုးနိုး ဒီလူရနိုးနိုးနဲ့ နောက်ဆုံးကျ နတ်ဘုရားရဲ့မဟေသီဖြစ်သွားသေးတာပဲ "

"အေးနော်၊ ကြည့်ရတာ ဧကရီမျိုးရိုးလိုက်တယ်ထင်ပါ့အေ "

"ကျွန်ုပ်က အရှင်နှစ်ပါးရဲ့ ဒုတိယသားတော် ရူစန္ဒာအဏီရာဖြစ်တယ်၊ကောင်းကင်ဘုံရဲ့ အုပ်ချုပ်သူ မီးနတ်ဘုရား အဓိပတိရာဇရဲ့ မဟေသီ လက်တွဲဖော်လည်းဖြစ်တယ် "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now