EPISODE 46

1.6K 183 3
                                    

Unicode

"မဖြစ်နိုင်တာ ၊ သားတော်တို့တောင် စစ်ဦးစီးဘွဲ့ခံမင်းသားတွေဖြစ်နိုင်သေးတာပဲ၊ ဒုတိယအကိုတော်ကရော ဘာလို့ မဖြစ်နိုင်ရမှာလဲ ဖေဖေရဲ့ "

ရုစန္ဒာအဏီရာတစ်ယောက် ထိုင်ရာမှထလိုက်ပြီး ဖအေဖြစ်သူအနားကိုအမြန်လေးသွားလိုက်သည်။

"ဒါကဒုတိယ အကိုတော့်အတွက်မတရားဘူးနော် ဖေဖေ"

သူကဟန်ဟန့်ရဲ့လက်ကလေးကို ဖက်တွယ်လိုက်ပြီးချွဲနွဲ့လိုက်ရာ ခမည်းတော် ဧကရာဇ်မင်းကြီးကပြုံးသွားသလို နဂိုကတားမြစ်ဖို့လုပ်နေတဲ့ လီဘင်းကလည်းအားနာသလိုမျိုးဖြစ်ကာ မျက်နှာလွှဲသွားတော့၏။

"ဒါကတရားတာ မတရားတာဆိုတာထက် ဖြစ်သင့်တဲ့ကိစ္စပဲ သားတော်ရဲ့၊ စစ်ဦးစီးဘွဲ့ခံ မင်းသားတစ်ပါးက ပင်မတပ်တော်ရဲ့ ဗိုလ်ချုပ်တစ်ယောက်နဲ့ လက်ဆတ်လိုက်မယ်ဆိုရင် အနာဂတ် ဧကရာဇ်ရဲ့ ဩဇာအာဏာဟာဘယ်အခြေအနေကိုရောက်သွားမလဲ၊ မင်းတို့ပဲပြောတာမဟုတ်လား၊ ဒုတိယအကိုတော်ကို ဗိုလ်ချုပ်မဟာမြတ်နဲ့ပဲသဘောတူပါတယ်ဆို "

"အဲ့ဒါက အဲ့ဒါက အနာဂတ်ဧကရာဇ်ကလည်း ရူရူတို့ညီအကိုတွေထဲကပဲဖြစ်မှာမလား၊ ဘယ့်နှယ်ကြောင့် အာဏာကိစ္စတွေကပြသနာဖြစ်စေမှာလဲ ဖေဖေ "

"ခမည်းတော်တို့က ဒီသက္ကအန္တလာပြည်နဲ့ အဏီရာနန်းတော်ကြီး အခြေကျတဲ့အခါ ထီးနန်းကို လွှဲပြောင်းပေးပြီး တောထွက်ဖို့ဆုံးဖြတ်ထားကြတယ်၊အဲ့ဒီအခါ ဝါစဉ်အရ မင်းတို့ရဲ့ ပထမအကိုတော်ဟာ ဧကရာဇ်နေရာကို လက်ခံရယူလိမ့်မယ်"

"ရူရူတို့လည်းသဘောတူပါတယ် ၊ ဟုတ်တယ်နော် အကိုတော် "

လီဘင်းကရူရူ့ကိုခေါင်းညိတ်ပြရင်း ခမည်းတော်တို့ဘက်ကိုလှည့်ကာ ခါးညွတ်ရင်း အရိုအသေပေးလိုက်ကြသည်။

"သားတော်လည်း သဘောတူပါတယ်"

"မင်းတို့ဖေဖေက သားတော် အားလုံးအတွက် တွေးခေါ်တတ်တယ်။ဘယ်လိုပဲ မင်းတို့ချင်း ချစ်ခင်နေကြပါစေ ပထမသားတော်နဲ့မင်းတို့တွေဟာ မွေးဖခင်ချင်းမတူညီကြဘူး၊ ဒါကြောင့် ရေရှည် ခမည်းတော်တို့ မရှိတဲ့အခါ အဖုအထစ်တွေများလာပြီး ရန်မီးတွေများလာမှာကို ကြိုတွေးမိတယ်၊ဒါကြောင့်ပဲ မင်းတို့ရဲ့ အဆင့်အတန်းနဲ့ ပက်သက်မှုကို ရှင်းရှင်းလင်းလင်းစီစဉ်ခဲ့ချင်တာပဲဖြစ်တယ်"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now