EPISODE 49

1.8K 187 6
                                    

Unicode

ကြည်လင်ကျောက်စိမ်း ဗိမ္မာန်ဟာ ကျောက်စိမ်းနဲ့ တန်ဖိုးရှိတဲ့ သလင်းကျောက်များဖြင့်တည်ဆောက်ထားတာဖြစ်ပြီး အမြဲတစေ ရှင်းသန့်ကာ မြင့်မြတ်သည့် အရှိန်အဝါများကိုထုတ်လွှင့်လျက်ရှိ၏။ အဆိုပါဗိမ္မာန်ဟာ ယခင်အုပ်ချုပ်သူအရှင်ရဲ့ ဗိမ္မာန်နေရာမှာ အစားထိုးဖြစ်တည်လာခဲ့ပြီး အုပ်ချုပ်သူအရှင်သခင်၏စိတ်တိုင်းကျ ဆောက်လုပ်ထားခြင်းပင်။

ဗိမ္မာန်တွင်အဆောင်တော်ပေါင်း ရာနဲ့ချီပါ၀င်ပြီး ယခင် မီးနတ်ဘုရား ဗိမ္မာန်တော်၏အခြွေအရံများအပြင် ထပ်မံ၍ဖြည့်တင်းထားသည့် အခြွေအရံများပါရှိလေရာ လွန်စွာ အင်အားကောင်းလှသည့် ဗိမ္မာန်တစ်ခုဟုဆိုနိုင်လေသည်။ပုံမှန်တွင် အခြွေအရံများနှင့် ရဲမက်များက အုပ်ချုပ်သူအရှင်နှင့်မဟေသီဖျား၏အမိန့်တော်ကြောင့် တိတ်ဆိတ်စွာပင်ရှိနေတတ်ကြပြီး ယနေ့ ကောင်းကင်လပြည့်၀န်းနှစ် ဆယ့်ငါးရက်မြောက်နေ့တွင်မူ အခြွေအရံအကြီးအငယ် ရဲမက်အစုစုတို့က လှုပ်လှုပ်ရှားရှားဖြင့် ကြီးမားလှသည့် သတင်းကိုစောင့်မျှော်နေပုံရသည်။၎င်းတို့၏မျက်၀န်းများ၌ စိုးရိမ်တကြီးဖြင့် တစ်နေရာတည်းကိုသာရည်ရွယ်စိုက်ကြည့်နေကြပြီး တစ်ခုခုကိုမကြားသိရမချင်း ထိုအခြေအနေမှရုန်းထွက်နိုင်မည့်ပုံမပေါ်ချေ။

ထိုနည်းတူစွာ ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်သည်လည်း နွေဦးစိမ်းမြအဆောင်တော်၏အရှေ့တွင် အရှေ့လျှောက်အနောက်လျှောက်ဖြင့် တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုရင်း အဆောင်တော်အတွင်းကိုလည်း အာရုံခံလျက်။ အုပ်ချုပ်သူနတ်ဘုရားက ယခုအခါ သက်တော် ဆယ့်ငါးနှစ်ကိုကျော်လွန်လာခဲ့ပြီး ဆယ်ကျော်သက်၏အသွင်အပြင်မှ ယောကျာ်းဆန်ကာ ကြီးကျယ်မြင့်မြတ်သည့်ထိပ်သီးနတ်ဘုရားအသွင်ကို ကူးပြောင်းစပြုနေပြီဖြစ်သည်။

"အခြေအနေကမထူးသေးဘူးလား၊ သိပ်ကိုကြာနေပြီမလား ဘိုးမာဂ "

အရှင်က အထိန်းတော်ကြီးကို မေးလိုက်ရာ ထိုအသံထဲ၌ မချင့်မရဲစိတ်များနှင့်စိုးရိမ်တကြီးအသံများကအထင်းသားပေါ်လွင်နေပေသည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now