EPISODE 50 [FINAL]

2.7K 227 12
                                    

FINAL
UNICODE

" ဒုန်း "

ကျယ်ပြန့်သည့် သဲကန္တာရအတွင်း ပေါက်ကွဲကြီးကထွက်ပေါ်လာပြီး ကင်မြီးကောက်သားရဲကနှစ်ပိုင်းပြတ်ကာ သေဆုံးသွားခဲ့သည်။ထိုသားရဲက လွန်စွာ အန္တာရယ်များပြီး အဆင့်မြင့် နတ်ဘုရားများကိုပင်ယှဉ်ပြိုင်နိုင်သည့် အခြေအနေတွင်ရှိပေသည်။

"ခစ်...ခစ်...ခစ်... ဗီယာ နင့်ရဲ့ စွမ်းရည်တွေကတိုးတက်လာပေမယ့် ဒီသားရဲကို အဆုံးသတ်ပေးဖို့အချိန်ယူရတုန်းပဲနော် "

လှပကာ ကျော့ရှင်းသည့် ဆယ်ကျော်သက်ကောင်မလေးတစ်ဦးက ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့ပြီး တစ်ဖစ်ဖစ်ရယ်ကာ သေဆုံးနေသည့်သားရဲကို လက်ညှိုးထိုးရင်းပြောလိုက်သည်။

"ဟွန့်... ငါက အချိန်ယူရတယ်ဆိုပေမယ့် နင်ကရော ဘာထူးလဲ၊ နင်လဲ အချိန်ယူရတာလဲမလား "

ရုတ်တရက် လေထုအတွင်းမှ ပုံရိပ်တစ်ခုကတစ်ဖြည်းဖြည်းပုံပေါ်လာခဲ့ပြီးလဲကျနေသည့် သားရဲကြီးဆီသို့လမ်းလျှောက်သွားလိုက်သည်။

"အဲ့ဒါက ငါကနင့်လို အချိန်တိုင်းသတ်ပုတ်နေတာမဟုတ်လို့လေ "

"ဟွန့် "

ဗီယာက နှာမှုတ်လိုက်ရင်း ကင်းမြီးကောက်၏ဦးခေါင်းနေရာမှ အမြုတေကိုထုတ်ယူလိုက်သည်။

"အဆင့်တစ်ဆယ်အမြုတေပဲ၊ ကျေနပ်စရာကောင်းလိုက်တာ အဟွန်း "

"နင်သိပြီးပြီလား မီယာနဲ့ ဟီယာက ဘိုးဘိုးတို့ဆီအလည်သွားမှာတဲ့၊ ဖေဖေက ငါတို့ကိုကျသွားခွင့်မပြုဘဲ သူတို့ကိုကျဘာလို့ခွင့်ပြုရတာလဲ "

"သူတို့က နင့်လိုစကားမများဘဲ ထက်မြတ်လို့နေမှာပေါ့ "

"ဗီယာ ! "

"နောက်တာပါနောက်တာ "

ဗီယာက ရယ်မောလိုက်ရင်း အမြုတေကိုသိမ်းဆည်းကာ တစ်ဖက်ကကောင်မလေးကို မေးငေါ့ပြလိုက်သည်။

"မီယာနဲ့ဟီယာက ငါတို့လို တိုက်ခိုက်ရေးဘက်မှာ စိတ်မပါပေမယ့် သူတို့ရဲ့ ဦးနှောက်က အကြံအစည်အမြဲထွက်ပြီး ကောက်ကျစ်တဲ့ နည်းလမ်းတွေလည်း ပေါတယ်၊ ငါကြားရသလောက်တော့  ပထမဦးရီးတော်ရဲ့ မိဖုရားနဲ့ ဒုတိယ ဦးရီးတော်၊ တတိယဦးရီးတော်တို့က အဆင်မပြေကြဘူးတဲ့၊  ကြည့်ရတာ ဖေဖေက မီယာနဲ့ ဟီယာကို စစ်ကူလွှတ်လိုက်တဲါသဘောပဲ "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now