Part 25 (Unicode)

Start from the beginning
                                    

"ဟို...အော်...အဲဒါကလေ
အန်တီ့မျက်လုံးထဲ ဘာရှိလဲ ကြည့်နေတာ လွမ်းရဲ့
ဟဲဟဲ..."

ရိုးရဲ့ မလှမပထွက်သွားတဲ့ အဖြေကြောင့်ထင်ပါသည်။ အန်တီက ခစ်ခနဲအသံထွက်ကာ ရယ်လိုက်သေးသည်။

"ဟုတ်လို့လား..."

"အင်း....ရိုးက လွမ်းလေးကို လိမ်ပါ့မလားလို့"

လွမ်းလေးမှာ ရိုး အဖြေကို မကျေနပ်သလို ကြည့်ရင်းပြောလာသည်။

"ပြီးတာပဲ...."

ဒီလိုပြောကာ ကစားရန်ထွက်သွားပြန်သည်။ လွမ်းထွက်သွားတော့မှပဲ ရိုး သက်ပြင်းချကာ
စိတ်သက်သာရာ ရသွားတော့သည်။ ထပ်ပြီး မေးခွန်းတွေ မေးလာလို့ကတော့ မလွယ်ပေ။

လွမ်းလေးထွက်သွားတော့ အန်တီက ရိုး အနားလေးကိုကပ်လာပြီး ထိုင်နေတဲ့ ရိုးမျက်နှာကို
တည့်တည့်ကြည့်ကာ ကိုယ်ကိုအနည်းငယ်ကျုံ့ ခါးလေးအနည်းငယ်ကိုင်းကာ ရိုးကိုမေးလာသည်။

"အဲ့တော့ ဘာတွေ့သလဲလို့...
တို့ မျက်လုံးထဲ"

"ဟင်..."

"ခုနက မင်းပဲပြောတာလေ....
တို့ မျက်လုံးထဲ ဘာရှိလဲကြည့်နေတာဆို
အဲ့ဒါကြောင့် ဘာတွေ့သလဲလို့
တို့လည်း သိချင်လို့ မေးကြည့်တာလေ"

ကောင်းလွန်းလှတဲ့ဖြတ်ထိုးဉာဏ်နဲ့ဖြေလိုက်တဲ့ရိုး ရဲ့အဖြေကို အန်တီက လာစချင်နေသေးသည်။ ရုပ်တည်ကြီးနဲ့လာစနေသော အန်တီ့ကို အလွတ်ပေးလိုက်၍မဖြစ်တော့ပေ။ရိုး မျက်နှာကို ရှေ့သို့ပိုတိုးလိုက်ကာ ပြောလိုက်သည်။

"အချစ်အစအနလေးတွေတွေ့ရတယ်လေ
ရိုးကိုချစ်တဲ့ အန်တီ့အချစ်တွေပေါ့"

"ဟုတ်လဲမဟုတ်ဘဲ"

ဟုဆိုကာ မိမိအမေးဖြင့်မိမိတိုင်ပတ်သွားသော  အန်တီက တစ်ဖက်ကိုလှည့်သွားပြန်သည်။ တကယ်တော့ ရိုး ပြောတဲ့စကားက စနောက်ခြင်းမဟုတ်ဘဲ အတည်ပြောလိုက်သော စကားသာဖြစ်သည်။ တကယ်ကိုပဲ အန်တီ့မျက်ဝန်းလှလှလေးတွေမှာ ရိုးအပေါ်ကျန်ရှိနေသေးတဲ့ လက်ကျန် မေတ္တာလေးတွေကို ရိုး တွေ့မြင်ရသည်ပဲ မဟုတ်လား။

"တို့ မျက်ဝန်းတွေကို
မင်းက ဖတ်တတ်တယ်ဆိုပါတော့"

"ဒါပေါ့...
အန်တီ့မျက်ဝန်းတွေကိုလည်း ရိုး ဖတ်နိုင်တယ်
အန်တီ့အတွေးတွေကိုလည်း ရိုးသိနိုင်တယ်လေ
ဘာလို့လဲသိလား "

ဇနီးမယား(on going)Where stories live. Discover now