ပြိုကျလုလု မျက်ရည်တွေကို ချုပ်တည်းရာမှာလည်း ဂျယ်ယွန်းကျွမ်းကျင်အဆင့်ရောက်နေပြီ။
အီသန်ဟာ ချစ်တတ်အောင်လည်းသင်ပေးတယ်၊ ငိုတတ်အောင်လည်း သင်ပေးတယ်၊ အခုတော့ မျက်ရည်တွေကို လျစ်လျူရှုတတ်အောင်လည်း သင်ပေးသွားပြန်ပြီနော်။
လှေကားထစ်တွေကို နင်းဖြတ်လာတဲ့ခြေလှမ်းတွေအောက်မှာ အပျက်ပျက်ပြိုကျခဲ့တဲ့ စိတ်ဝိဉာဥ်ကို ဘယ်နတ်ဘုရားက ကောင်းချီးပေးဝံ့ပါ့မလဲ။
လှေကားရင်းဆီရောက်တော့ ဆိုင်ရဲ့ဧည့်ခန်းမှာ ထိုင်နေတဲ့ လူတစ်ယောက်က ဂျယ်ယွန်းကို မော့ကြည့်လာတယ်။ ဂျယ်ယွန်း စိတ်ရောခန္ဓာပါ နွမ်းဖက်နေပေမယ့် ပြုံးပြလိုက်မိတာပါပဲ။
''ညီ..''
''ဟုတ်ကဲ့အစ်ကို''
''ဒါလေးရော ပြန်ယူသွားပါ။ အစ်ကိုဟီဆွန်းရဲ့ အင်္ကျီ။ သူစရောက်လာစက ဝတ်ထားတဲ့ဆွယ်တာလေး အစ်ကိုသိမ်းပေးထားတယ်။ ဘောင်းဘီကတော့ အရမ်းပြဲနေတာမို့ အဆင်မပြေလောက်တော့ဘူး။''
ဂျယ်ယွန်းရဲ့လက်ဖဝါးထဲက လေးထောင့်ဘူးငယ်ကို ပတ်ဆောင်းဟွန်းက ရိုရိုသေသေပဲ ဆင့်ကူးယူတယ်။ မနက်ဖြန် မနက်ရောက်တာနဲ့ ပတ်ဆောင်းဟွန်းက သူနေတဲ့ ဟိုတယ်ကနေ ဒီအိမ်ကိုလာပြီး အီသန့်ကိုဝင်ခေါ်မယ်လို့ စီစဥ်ထားသတဲ့။
အမှန်တကယ်ဆို ဆောင်းဟွန်းက အီသန့်ကို ဒီနေ့ကတည်းကပဲ သူနဲ့အတူ ဟိုတယ်မှာလိုက်နေစေချင်တာမှန်း ဂျယ်ယွန်းကို ဖွင့်ပြောပါတယ်။ ဒါပေမယ့် ခေါင်းမာတတ်တဲ့ကလေးကြီးက ခေါင်းမာစမြဲမို့ ဒီနေ့တစ်ရက်တော့ နောက်ဆုံးအနေနဲ့ ဂျယ်ယွန်းနဲ့အတူရှိနေစေသေးလေရဲ့..။
ဂျယ်ယွန်းမှာတော့ တစ်ရက်တာအတူရှိနေခွင့်ရတဲ့အလျောက် ကံကြမ္မာကိုသာ ကြံဖန်ကျေးဇူးတင်မိတာပဲ။
''ဒါဆို ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး အစ်ကိုရှင်းမ်။''
''ကောင်းပါပြီ''
''အစ်ကို..ကျွန်တော်ပြန်မယ်နော်။ မနက်ကျ ကျွန်တော် အစ်ကို့ကိုဝင်ခေါ်လှည့်မယ်။ ကျွန်တော်တို့ အတူပြန်ကြမယ်နော် အစ်ကို။''
![](https://img.wattpad.com/cover/363588725-288-k999050.jpg)
YOU ARE READING
Beyond the horizon [Heejake]
Fanfictionမင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ
The last day with Ethan
Start from the beginning