ကိုကို့ နိုင်းဆက်(1)

Comincia dall'inizio
                                    

ကိုချမ်းကလည်း အပြင်မှာ တဒုန်းဒုန်းနဲ့။

ခဏအကြာမှာ တံခါးဖွင့်ပြီး ဝင်လာသည့် ကိုချမ်းက ပြတင်းပေါက်နားမှာရှိတဲ့ သူ့ဆီကို ဦးတည်ကာလာနေသည်။

အနားကိုအရောက် လက်ကိုမြှောက်ကာ သူ့ကို ရွယ်နေတဲ့လက်တစ်ဖက်။
လက်ရွယ်တာလောက်ကတော့ နိုင်းဆက် မမှုတော့ပေ။
ကိုချမ်းဆီကနေ ခဏခဏ နားရင်းအုပ်ခံရ၊အဆူခံရတာ ရိုးနေလေပြီ။
ဖေဖေတို့မေမေတို့က သူ့အား တစ်စက်မှ မထိပေမယ့် ကိုချမ်းကိုတော့ အလုံးစုံအပ်ထားလေသည်။
ရတနာပုံတက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့‌ကိုချမ်းက ကျောင်းမှာဆိုလည်းနာမည်ကြီးဖြစ်သည်။‌
ကျောင်းလက်ရွေးစင်ဘောလုံးအသင်းထဲမှာလည်းပါပြီး ကိုချမ်းကို မသိတဲ့သူမရှိ။
အရပ်အမောင်းက ရှည်ပြီး ခန္ဓာကိုယ်ကလည်း ကျစ်လစ်ပြီး ကြည့်ကောင်းသေးသည်။
ကိုချမ်းကြောင့် နိုင်းဆက်ကိုပါ ကျောင်းကလူတွေက သတိထားလာကြသည်။
ကိုချမ်း သူ့အား အိမ်မှာပါမက ကျောင်းမှာပါ  ဂရုစိုက်ပေးတာတွေက တကယ် နွေးထွေးသည်။
စာသင်ချိန်ပြီး‌တိုင်း မုန့်တွေအမြဲပို့ပေးတတ်သလို အတန်းချိန်တွေတက်မတက် အမြဲစစ်တဲ့ကိုချမ်းက မသိရင် သူ့အုပ်ထိန်းသူလိုလို။

ကိုချမ်းက ဖေဖေနဲ့မေမေက အပ်ထားလို့ ဂရုစိုက်ပေးတယ်ဆိုတာထက်ကို ပိုသည်။

"ငါ တံခါး အဆက်မပြတ်ခေါက်နေတာ ကြားလား!"

"ဟုတ် ကြားတယ် ကိုချမ်း"

နိုင်းဆက်အောင် ကိုချမ်းကို အခုထိ လေသံမာမာနဲ့ ခံမပြောရဲ။
မေမေနဲ့ဖေဖေတို့တောင် လေသံမာမာနဲ့‌ခံပြောပြီး ဖောက်ကောက်တတ်တဲ့ သူက ကိုချမ်းကိုတော့ လေသံမမာနိုင်။
အရိုက်ခံရမာကြောက်သလို မုန်းသွားမှာလည်းကြောက်သည်။
သွေးမတော်သားမစပ်တဲ့ သူ့လို လူတစ်ယောက်ကို အကိုအရင်းတစ်ယောက်လို နွေးထွေး‌စွာစောင့်ရှောက်ပြီး ဆုံးမတဲ့ ကိုချမ်းက သူ့အတွက် ဘုရားတစ်ဆူလို။

"ကြားရင် ဖွင့်လေ! ဘာကိစ္စမဖွင့်ရတာလဲ"

"ဟို ..."

ဘာအကြောင်းပြချက်ပေးရမလဲကို နိုင်းဆက်မသိတော့ပေ။
စကားလုံးတွေက ဆက်ပြီးထွက်မလာဘဲ လည်ချောင်းနားမှာတင် ရပ်လို့သွားသည်။

Short stories(punishment type)Dove le storie prendono vita. Scoprilo ora