"တောက်! နင်မလုပ်ရင် နင့်အကောင်အသေပဲနော်"

"ဟင်?!"

ဖခင်ရဲ့စကားကြောင့် ညိုမီအထိတ်တလန့်ဖြစ်သွားရသည်။

"ဒယ်ဒီ ဒယ်ဒီဘာပြောလိုက်တာလဲ?"

"ဟုတ်တယ် နင်ငါခိုင်းတဲ့အတိုင်းမလုပ်ရင် နင့်‌ရဲ့ရည်းစားဆိုတဲ့အကောင်အသေပဲ"

"မ-မလုပ်ပါနဲ့ ဒယ်ဒီရယ် သမီးတောင်းပန်ပါတယ်"

"ဒါဆို ငါပြောသလိုလုပ်"

"ဟုတ် သ-သမီးလုပ်ပါ့မယ်"

နောက်ဆုံးလက်နက်ထုတ်သုံးလိုက်တဲ့ဖခင်ကြောင့် ညိုမီတစ်ယောက်မည်သို့မျှ မတတ်နိုင်တော့ပေ။ ထို့ကြောင့် ထိုနိုင်ငံခြားသား ဂိုဏ်းခေါင်းဆောင်ကို အပိုင်ရယူဖို့ဖြစ်လာရတော့သည်။

သို့ပေမဲ့ အစီအစဉ်တစ်ဝက်လောက်ရောက်ခါနီးမှာ သူမတစ်ခုခုကိုမြင်သွားပြီး လွတ်ဖို့လမ်းကို ရှာတွေ့လိုက်တော့သည်။

ထိုသည်ကား သူမ၏နေရာတွင် တစ်ခြားမိန်းကလေးတစ်ဦးအား အစားထိုးရန်သာဖြစ်သည်။
_
_
_
_
_
_

"အဟင့်! ဟင့်!"

ပျိုမြစ်နုငယ်တဲ့ကောင်မ‌လေးတစ်ယောက် ကုတင်ပေါ်ရှိ‌ အိပ်နေသော ဖြူဖြူဖွေးဖွေးကျောပြင်ကြီးကိုကြည့်ကာ ငိုရှိုက်‌နေမိတော့သည်။

အချိန်အတော်ကြာငိုပြီးသည့်နောက် အားယူကာ ထိလိုက်ပြီး အောက်မှာပြန့်ကြဲနေသည့် သူမ၏အဝတ်များကိုကောက်ယူကာ ဝတ်လိုက်တော့သည်။ ပြီးမှ ရုပ်ရည်အားဖြင့် အင်မတန်ကြည့်ကောင်းလှသည့် တိုင်းတစ်ပါးသား၏မျက်နှာကိုကြည့်ပြီး သူမနောင်တရစွာ ငိုမိပြန်တော့သည်။

သူမသာ ဒီနယ်စပ်ဘက်ကိုအလုပ်လာမလုပ်ရင် ဒီလိုဖြစ်လာမည်မဟုတ်ပေ။ အခုတော့ သူမရဲ့အပျိုစင်ဘဝကို အမည်မသိ တစ်ခြားတိုင်းတစ်ပါးသား၏ လက်ထဲတွင် ရက်ရက်စက်စက်အချွေခံလိုက်ရတာဖြစ်သည်။

ဒါ့အပြင် သူတို့ကအန္တရာယ်ရှိတဲ့သူတွေမို့ သူနိုးလာရင်း သူမနဲ့ဖြစ်ပျက်ခဲ့တာတွေအတွက် သူအကိုမပြတ်ရှင်းပစ်မလား‌ဆိုတဲ့ စိုးရိမ်စိတ်တို့ကလည်း ဖြစ်လာတော့ သူမရင်ထဲ ကြောက်စိတ်တို့ဝင်လာရတော့သည်။

အရင်းနှီးဆုံး သူစိမ်းWhere stories live. Discover now