ထိုအချိန်က သူမ၏ မေးခွန်းများ အားလုံးက အဖြေရခဲ့သည်နှင့် တူသည်။ ဒီအိမ်တော်စုမှသခင်က အဘွားရှီကို သူမ၏ခန္ဓာကိုယ် တည်ဆောက်ပုံသဏ္ဌာန် ထည့်ခဲ့ခြင်း ဖြစ်သည်။

အဘိုးရှီ၏ နာမည်အရင်းက ရှီမင်ယွဲ့ဖြစ်သည်။ မုန်တိုင်းထန်သော စစ်ပွဲခေတ်ကာလတွင် မတော်တဆကိစ္စများကြောင့် အကြီးအကဲများ၏ ကမ္ဗည်းကျောက်စာတိုင်များက ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် သူကသာ ဒီဘိုးဘေးခန်းမ၏ အသက်အကြီးဆုံး လူအဖြစ် ကျန်ရစ်တော့သည်။

သူ၏ ကျောက်တိုင်ပြားကို ဖယ်လိုက်သည်နှင့် စောင်ကြည့်ခံရသော ခံစားချက်က ပျောက်ကွယ်သည်ဟု ခံစားလိုက်ရပြန်သည်။ သူမ ယခင်တစ်ခေါက် လာချိန်ကလည်း ထိုသို့သော ခံစားချက်မျိုးကို ရခဲ့သည်။ ထိုအချိန်က သူမက အမှားလုပ်လိုက် မိသောကြောင့်ဟု ထင်ခဲ့သည်။ ယခု ကြည့်ရသည်မှာ ထိုကျောက်စာတိုင်နှင့် သက်ဆိုင် နေလောက်သည်။ ထို့ပြင် အထဲတွင် ကင်မရာပင် ရှိလောက်သေးသည်။

ဒါပေမဲ့ ဘာလို့ ရှီချီက အရင်က သတိမထားမိခဲ့တာလဲ။

နင်မုန့်က မျက်မှောင်ကြုတ်လိုက်သည်။

ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခု ရှိနေလို့ ဒါမှမဟုတ် အဲဒါက ငါ့ကိုပဲ စိုက်ကြည့်နေလို့ သူက မခံစားမိတာလား။

သူမက အတွေးနက်နေချိန်တွင် ရှီချီကမူ ဘိုးဘေးခန်းမ အနောက်မှ ဝင်ပေါက်ကို ဖွင့်လိုက်နှင့်ပြီ ဖြစ်သည်။

စားပွဲ၏ အနောက်တွင် လျှောက်လမ်းတစ်ခု ပေါ်လာသည်။ ထိုလျှောက်လမ်းက လူတစ်ယောက်စာသာ ကျယ်ပြီး ပိန်းပိတ်အောင် မည်းမှော်နေပြန်သည်။ ရှီချီက ခြေတစ်လှမ်းချလိုက်ပြီးနောက် အလင်းများက ချက်ချင်း ပွင့်သွားပြီး မီးတောက်က အနည်းငယ် လှုပ်ခါကာ တောက်လောင်လာသည်။ မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ရာက ဖြစ်ပျက်တော့ပေမည်။ ရှီချီက နောက်လှည့်ပြီး သူမကို လက်ကမ်းပေးလိုက်သည်။

111 02

"ဒီကို လာပါ"

နင်မုန့်က အလျင်စလို သွားလိုက်ပြီး သူ့လက်ထဲသို့ သူမ၏ လက်ကို ထည့်လိုက်သည်။ သံသယဝင်ခြင်း မရှိဘဲ သူ၏ လက်ကို ဆုပ်ကိုင်ထားခြင်း သို့မဟုတ် သူ၏အဝတ်စကို ဆုပ်ကိုင်ထားမှသာ သူမ၏ စိတ်ကို လုံခြုံစေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now