ရှောင်းကျန့်
ကျနေတဲ့ရိပေါ်ရဲ့အင်္ကျီကိုကောက်ကာ
အဝတ်စင်ပေါ်တင်ပေးလိုက်ပြီး
ကိုကို့ဖိနပ်ကိုချွတ်ပေးရန်လုပ်ရသည်။

အိပ်နေလိုက်တာများ ကိုကိုရယ်
သရေတွေပင်ကျလို့။
အော်.....ဟောက်တောင်နေသေး။
ကိုကိုက တော်တော်သတိကောင်းသည်ပဲ။
တွေးရင်း
ရှောင်းကျန့်ကပြုံးလိုက်ပြီး
သူ့ရဲ့အင်္ကျီတွေကိုချွတ်၍
တစ်ဆက်တည်း
ရိပေါ်ရဲ့အဝတ်တွေကိုပါချွတ်ပစ်ကာ
ရိပေါ်ဘေးနားတွင်ဝင်လှဲလိုက်သည်။

တောင်းပန်ပါတယ် ကိုကို။
ကျွန်တော်ဒီလိုမှမလုပ်ရင်
ကိုကို့ကိုလက်လွှတ်ရတော့မှာမလို့
ကိုကို့ကိုတစ်သက်လုံးစာအတွက်
ပိုင်ဆိုင်ခွင်ပြုပါ။
အရမ်းချစ်တယ်နော်။

ရှောင်းကျန့်
ရိပေါ်ရဲ့ပါးကို
အနမ်းတစ်ချက်ပေးကာ
ရိပေါ်ရဲ့ရင်ခွင်ကျယ်ကြီးထဲကို
ခိုဝင်မှေးစက်လိုက်တော့သည်။

////////////////////////

ဒီနေ့က
ရိပေါ်ရဲ့အပျော်ဆုံးနေ့လေးပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
သူချစ်ရတဲ့မိန်းကလေးနဲ့
ရိုးမြေကျပေါင်းဖက်ရမယ့်
မင်္ဂလာနေ့လေးဖြစ်လို့ပင်။

မင်္ဂလာပွဲကိုတက်ရောက်လာတဲ့
လူတွေကပြုံးရွှင်နေပြီး
ဖွင့်ထားတဲ့မင်္ဂလာတေးသွားကလည်း
ခပ်မြူးမြူးပင်။
ရိပေါ်ရဲ့နှလုံးသားက
တစ်ဒိန်းဒိန်းခုန်နေပြီး
သူ့ရဲ့သတို့သမီးလေးကိုတွေ့ရဖို့
ထပ်မစောင့်နိုင်တော့။

" လှတယ် လှလွန်းတယ် "

ရိပေါ်ရဲ့နှုတ်ကပင်
ထုတ်၍ပြောရလောက်သည်အထိ
သူမကလှပနေခဲ့သည်။
အမြဲတမ်းလိုလို
ဂျင်းဘောင်းဘီ
T Shirtတွေနဲ့သာ
မြင်နေရသည့်သူမက
မင်္ဂလာဂါဝန်ကိုဆင်မြန်းထားလေတော့
တစ်မျိုးတစ်မည်နဲ့
အမြင်ဆန်းစွာလှပနေခဲ့သည်။

" Leo မင်းမျက်လုံးတွေကျွတ်ကျကုန်တော့မယ် "

" Tilly ကိုယ့်အချစ်
အရမ်းလှလွန်းနေတယ်  "

" Leo မင်းကတော့လေ "

ခေါင်းငုံပြီး ရှက်ရွံ့နေတဲ့သူမကို
ရိပေါ်မေးဖျားလေးကနေ
ဆွဲမော့ပြီး
သူမရဲ့နှုတ်ခမ်းဖူးလေးကို
ခပ်ဖွဖွငုံထွေးလိုက်သည်။
အရသာထွေထွေထူးထူးမရှိပေမယ့်
ဒါက ရိပေါ်ရဲ့နိဗ္ဗာန်ဘုံလို။

Time (Ongoing) Where stories live. Discover now