“ပင်မခရိုင်ဆိုတာ ဒီလိုမျိုးကိုး ...”

“အရင်ကတော့ ဒီလို မဟုတ်ဘူး ...”

“ဒီကအိမ်တွေက လှလိုက်တာ ...”

“ငါသာ တိုက်ခိုက်သူ ဖြစ်လာရင် ဒီလို အိမ်လှလှလေးနဲ့ နေနိုင်မှာ ...”

...

သွမ့်ချန်ချင်းက ကလေးအချို့၏ ရည်မှန်းချက် ပြည့်ဝလှသည့် စကားသံများကို ကြားလိုက်ရဿည်။

“မား ဒီနားမှာ အင်္ကျီဆိုင်တွေ အများကြီး ရှိတယ် သွားကြည့်ကြမလား ..."

သူက မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

လုကျင်းချန်းက အံ့ဩတုန်လှုပ်သွားကာ သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

“ငါ့ကို ဘယ်လို ခေါ်လိုက်တယ် ...”

“မား ...”

သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။ အစောပိုင်းက တစ္ဆေဘုရင်၏ တုန့်ပြန်မှုကို အခြေခံကာ သူသည် လုကျင်းချန်း၏ သရုပ်မှန်ကို အတည်ပြုပြီးသွားတော့သည်။

လုကျင်းချန်းက အမျိုးသားအသံဖြင့်သာ စကားပြောနေသည့်အပြင် မျက်နှာဖုံးလည်း တပ်ထားသေးသည်။ သူမက လုရှောင်ရန်သည် ပေါက်ကရ လျှောက်ပြောမည့်သူ မဟုတ်သလို တစ္ဆေဘုရင်ကလည်း အမြဲ သူမ၏ ဘေးနားတွင် ရှိနေသည့်အတွက် မည်သူကမှ မရိပ်မိနိုင်ဟု ယုံကြည်ခဲ့၏။

သွမ့်ချန်ချင်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ ...

သွမ့်ချန်ချင်းတောင် သိတယ်ဆိုတော့ သားလေးရော သိနေတာလား ...

“အဖေက ကျွန်တော့်ကို မားအကြောင်း ပြောပြထားလို့ပါ ...”

သူက ရှင်းပြလိုက်သည်။

“ယွင်နန်က ...”

“သူလည်း သိပါတယ် ...”

သွမ့်ချန်ချင်းက ပြောပြလိုက်သည်။

လုကျင်းချန်းသည် ရှဲ့ယွင်နန်အနားတွင် တဝဲလည်လည် ဖြစ်နေခဲ့စဉ်က သူမအကြောင်းကို ရှဲ့ယွင်နန် မသိသေးဟုသာ ထင်ထားခဲ့သည်။ ထို့ကြောင့် သွမ့်ချန်ချင်းကို မဆိုထားနှင့်၊ ရှဲ့ယွင်နန်ကိုပင် ထုတ်ပြောရန် အကြံမရှိခဲ့ပေ။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now