အပိုင်း (၁၆၉)

Start from the beginning
                                    

ထို့ကြောင့် သူမတို့က သူမတို့သခင်ဖြစ်သူကို တစ်ခုခု ပြောချင်နေကျသေးသော်လည်း ပိုင်လီကတော့ ဘာမှမပြောတော့ရန် လိုက်ပြလိုက်ပြီး သူမတို့ကို ဖုပင်းနောက်ကနေသာ လိုက်သွားရန် လက်ခါပြလိုက်၏။

ထိုသုံးယောက်ထွက်သွားတော့ ရှောင်ဟန်က မေးလာလေသည်။

"ခင်ဗျား ဖုပင်းကိုလက်လွှဲလိုက်တာလား အဲတာက.. အဲတာက အဆင်ပြေပါ့မလား"

ရှောင်ဟန်က အချိန်အနည်းငယ် ကြာပြီးသွားတာတောင် သူက ဖုပင်း၏ မျက်နှာသေအမူယာကို အသားမကျသေးသလို ခံစားနေရတာပင်။ သူက အနှောက်ယှက်လိုမျိုးတော့ ဖြစ်တာမဟုတ်ပေမယ့်ဘသူ့အထင် ဖုပင်းက တသီးတသန့်နေတတ်တဲ့ လူမျိုးလို့ ထင်နေပါတယ်။ ဒါကို ကလေးမတွေကို သူ့လက်ထဲအပ်လိုက်တာက အဆင်ပြေပါ့မလားဆိုတာက စဥ်းစားစရာပဲမလား။

ဒါကိုကြားတော့ ပိုင်လီက အပြုံးကြီးဖြင့် သူ့ဇနီးလေးနား တိုးကပ်သွားလိုက်ကာ ပြောလိုက်လေသည်။

"ပြေမှာပါ ဘာလဲ မင်းက သူမတို့ကို ကိုယ်သင်ပေးတာပဲမြင်ချင်လို့လား အဲလိုဆို သဝန်မတိုဘူးဆိုတာကရော သေချာလို့လားကွာ"

ရှောင်ဟန်မှာ ဤလူ၏ ကလေးတွေရှေ့တောင်မရှောင် ပရောပရီလုပ်မှုကို တကယ်သည်းမခံနိုင်တော့ပါချေ။ သူက သူ့နှာခေါင်းထိပ်ကို လာထိချင်နေတဲ့ သူ့ခင်ပွန်းရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး ခပ်တိုးတိုးသတိပေးလိုက်ရပါတယ်။

"ခင်ဗျား! ဒီမှာ ကလေးတွေရှိနေတာရော သိသေးရဲ့လား!"

ထိုအခါ ပိုင်လီက ချောင်ချင်းချင်းအပါဝင် သူတို့ကိုမျက်လုံးပြူးလေးတွေနှင့် ကြည့်နေသော ကလေးသုံးယောက်ကိုကြည့်လိုက်လေသည်။

အာ...ဒီအသေးလေးတွေက ငယ်သေးလို့လား ဒညမှမဟုတ် တမင်အလိုက်မသိတာများလားပဲ။ သူတို့က မျက်လုံးလေးတွေပြုံးပြီးတောင် ကြည့်နေကျသေးတယ်။

အသေးလေးတွေက သူတို့အဖေနှင့်ဖေဖေက ငြိမ်သွားတာတွေ့တော့မှ သူတို့က သိချင်နေတာလေးတွေကို မေးလာကျလေသည်။

အရင်ဦးဆုံး ရှောင်ဖူလေးက...

"အဖေ ဘာလို့ ဦးဦးဖုက မမရှင်းလုနဲ့မမကျူးလင်ကိုခေါ်သွားတာလဲဟင်"

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now