Lost in silence ( HeeJay )

Start from the beginning
                                    

ကိုယ်ကလက်လွှတ်ပေးဖို့လုပ်နေတာကြာပြီမို့ အားမနာလည်းဖြစ်တယ်။ ကောင်ငယ့်ဘက်ကမကောင်းတာလည်းမဟုတ်သလို ကိုယ်လည်းမကောင်းတာမဟုတ်ပါဘူး။
အစောကြီးထဲကမဖြစ်နိုင်တဲ့အရာကို ကိုယ်တို့ကခြေစုန်ပစ်ဝင်ခဲ့ကြရုံပါပဲ။အဲ့ဒါတွေမေ့ပြီး သူငယ်ချင်းလိုပြန်လုပ်ကြတာပေါ့။

ဒါတွေမတိုင်ခင်ထဲက ကိုယ်တို့ကသူငယ်ချင်းတွေပဲ ဂျေးအီရဲ့... "

သူ့ပြောစကားအဆုံး ဝန်းဝိုင်းနေတဲ့မျက်ဝန်းလက်လက်လေးက အရောင်တို့တောက်သွားသယောင်.. သက်ပြင်းလေးချလို့ သူစိုးရိမ်နေတာလေးကို ထုတ်ပြောရှာတယ်။ အနည်းဆုံးတော့.. ချစ်တာကိုခံစားမိတာမို့ ကိုယ်အဆင်ပြေပါတယ်။ အနည်းဆုံးတော့ မင်းဆီကနေအချစ်ခံခဲ့ရပါတယ်။

" လုံးဝကြီးမချစ်တာမဟုတ်လို့ အစ်ကိုနဲ့ဝေးသွားမှာစိုးရိမ်နေခဲ့တာ... "

" မစိုးရိမ်ပါနဲ့.. မင်းကကိုယ့်အတွက်အမြဲကလေးလေးပဲမို့ ကိုယ့်ရင်ခွင်ကမင်းအတွက်အမြဲဖွင့်ထားပေးမှာပါ... "

" တောင်းပန်ပါတယ်.. အားနာလို့သေတော့မှာပဲ "

ခေါင်းကိုငုံ့လို့တိမ်ဝင်သွားတဲ့အသံလေးကြောင့် ခေါင်းလုံးလုံးလေးကို ဖွလိုက်မိသည်။ သူ့ကလေးလေးဟာလေ အရမ်းအားနာတတ်လွန်းတာပဲ။ ကိုယ်လည်းမင်းကိုအားနာနေတာပါ.. ပြောမထွက်လို့ပါ ကလေးရယ်။

" မတောင်းပန်ပါနဲ့.. ဂျေးအီရဲ့အမှားမှမရှိခဲ့တာ.. ဘယ်လိုပဲဖြစ်ဖြစ် အဆင်မပြေမှာသိသာနေတဲ့ relationship မို့ ရပ်လိုက်တာပိုအဆင်ပြေမှာမို့လေ..

ကိုယ်ပြောတာသဘောပေါက်တယ်မလား "

" ကလေးတစ်ယောက်လို မရင့်ကျက်ခဲ့တာတွေပါ ဟျောင်းရယ် " 

" ကလေးပဲဟာကို.. မရင့်ကျက်တာကိုလက်ခံပါတယ်

မရင့်ကျက်လည်းဖြစ်တယ်.. ကိုယ့်အတွက်အဆင်ပြေတယ်
အရမ်းအားနာမနေပါနဲ့.. ကိုယ့်ဘက်ကပါအားနာရအောင်လို့ "

" မဟုတ်တာ အစ်ကိုကအားနာစရာမှမရှိဘဲကို.. "

ဘာစကားမှဆက်မပြောတော့ဘဲ ပြုံးပြလို့ နေဝင်စပြုနေတဲ့ကောင်းကင်ကြီးကို သူမော့ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကအစတောက်ပနေတာပဲ.. လှလိုက်တာ။

" နေဝင်တာလေးကလှတယ်မဟုတ်လား ဂျေး "

သူပြောလိုက်တော့ သူ့ကိုဖြတ်ခနဲမော့ကြည့်လာတဲ့ မျက်ဝန်းထဲကအရိပ်အယောင်အချို့ကို သူသတိထားမိလိုက်ပါသည်။ သူ့ကလေးကဂျပန်မှာနေလာတာမို့ နားလည်သွားတယ်ထင်တာပါပဲ။

" အင်း.. အများကြီးလှတာမို့ ကျွန်တော်ကြည့်ဖို့တောင်မဝံ့ရဲဘူး အစ်ကိုရယ် "

" ကြည့်လို့ဖြစ်ပါတယ်.. ဒါပေမဲ့ ဖမ်းဆုပ်ထားလို့တော့ မဖြစ်ဘူးမလား။ ကိုယ်သွားတော့မယ်နော်.. လိုက်ပို့ပေးရဦးမလား "

" ဟင့်အင်း.. ကျွန်တော်ကားပါလာပါတယ် "

" ဟုတ်ပြီ ဂရုစိုက်ပြီးမောင်းနော် "

...........

ကုတင်ပေါ်မှာထိုင်ရင်း ဒိုင်ယာရီစာအုပ်လေးကို ကြည့်နေခဲ့တဲ့ ဟီဆွန်းရဲ့နှုတ်ခမ်းတို့ဟာ ကော့ညွတ်လို့ အေးချမ်းစွာပြုံးနေခဲ့သည်။ အသက်နှစ်ဆယ်ကျော်အရွယ်ကအချစ်လေးကို အခုတော့အပြီးတိုင် နှလုံးသားရဲ့ထောင့်တစ်နေရာမှာ သိမ်းချိန်တန်ခဲ့ပြီ။

" ဟီဆွန်းဟျောင်း... ဂုဏ်ပြုပါတယ် "

" ကျေးဇူးတင်ပါတယ် ဂျေးအီ "

" မနက်ဖြန်ကစပြီး ဟျောင်းအမှန်တကယ်ပျော်ဖို့ ‌ဆုတောင်းပေးပါတယ် "

" ကိုယ်လည်းမင်းပျော်ဖို့ဆုတောင်းပေးပါတယ် "

သူ့ကို‌ပြုံးကြည့်နေခဲ့တဲ့ တစ်ချိန်ကသူ့အချစ်လေးကို သူလည်းပြန်ပြုံးပြမိသည်။

ကိုယ်တို့ကတကယ်တော့တူညီတဲ့လမ်းတွေကို လျှောက်ကြမယ့်လူတွေဖြစ်နေတယ် ကလေးငယ်ရဲ့..။
မင်းမှာလည်း မင်းဘဝနဲ့မင်းရည်မှန်းချက်တွေရှိသလို ကိုယ်လည်းဆက်လျှောက်ရမယ့်လမ်းတွေ ရှိနေသေးတာကြောင့် ဒီလောက်နဲ့ အဆုံးသတ်လိုက်ကြတာပေါ့။

တစ်ချိန်ကချစ်ပေးခဲ့လို့ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။

..........

ဟာယွန်းပြန်လာပါပြီရှင်။
တကယ်က project တစ်ခုမှာပါနေလို့ update တွေအကုန် ကြာနေတာပါ။ အဲ့ဒီကိစ္စပြီးတာနဲ့ အတိုးနဲ့ update တွေပေးမှာမို့ စိတ်မဆိုးကြဖို့မျှော်လင့်ပါတယ်။ ဒါလေးကိုလည်းသဘောကျမယ်ထင်ပါတယ်။

ပြီးတော့ ဒါ‌လေးကို story တစ်ခုအဖြစ်လုပ်ဖို့လည်းရှိပါတယ်။ ဟာယွန်းရဲ့အချစ်ရေးကြုံဖူးတာလေးမို့လို့ပါ။ ဟီး သဘောကျပေးကြပါဦးနော်... ♡

You've reached the end of published parts.

⏰ Last updated: Oct 16 ⏰

Add this story to your Library to get notified about new parts!

Enhypen One shot Where stories live. Discover now