"သခင်လေး"
သူမက ဒူးထောက်ကာ ဝမ်ရိပေါ်ကို အရိုအသေပြုသည်..။
"သခင်လေး.. သခင်လေးတောင် အရွယ်ရောက်လာပြီနော်.. သခင်လေး အဆင်ပြေနေတာ တွေ့ရတော့ ကျွန်မ ဝမ်းသာပါတယ်"
"ငါ့ကို ဒူးထောက်စရာ မလိုပါဘူး.. ငါ တောင်းပန်ပါတယ်"
တယောက်ကလည်း ဒူးထောက်ပြီး ငိုနေတယ်.. တယောက်ကလည်း တောင်းပန်ပါတယ်တဲ့..။ ဘာလို့ တောင်းပန်တာတုန်း..။ မြေခွေးလေးက ခေါင်းရှုပ်လာသဖြင့် ခုံတလုံးဆွဲပြီး ထိုင်ကြည့်နေလိုက်သည်..။
"သခင်လေး တောင်းပန်စရာ မလိုပါဘူး.. အားလုံးက ကံကြမ္မာကြောင့်ပါပဲ"
ဟွားကျင်းကို ရိပေါ်က တွဲပြီး ခုံပေါ် ပြန်ထိုင်စေသည်..။
"ဒီလောက်နှစ်တွေ ကြာပြီးမှ သခင်လေးကို ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"
"ဟွားကျင်း.. မင်း ဘာလို့ ဒီရောက်နေတာလဲ.. ငါတို့တအိမ်လုံး သေဒဏ်ကျတုန်းက ဖေဖေက သူ့ရဲ့တသက်တာလုံး စုဆောင်းထားသမျှကို သုံးပြီး အစေခံတွေကို လွှတ်ပေးခိုင်းခဲ့တာလေ.. မင်းက တော်လည်းတော်တယ် အရည်အချင်းလဲ ရှိတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားနေပြီ မှတ်တာ.. ဘာလို့ ဒီလို နေရာမျိုးမှာ___"
"သခင်လေး!! အဲ့လို မဟုတ်ဘူး.. အဲ့ဒီအရာရှိက ငွေကိုတော့ယူေပမယ့် ကျွန်မတို့ကို ပစ်ထားတာ.. အစေခံတွေ သေသေရှင်ရှင် ဂရုမစိုက်ဘူး.. လွှတ်ပေးမယ်လို့သာ ပြောတာ တံခါးလဲ မဖွင့်ပေးဘူးရယ်.. ကျွန်မတို့မှာ တိတ်တိတ်လေး နံရံကို ကျော်တက်ပြီး လွတ်လာတာ... တချို့တွေဆို ကျော်တက်နေရင်း ဖမ်းမိသွားလို့ အသတ်ခံရရော.. လွတ်လာခဲ့တော့လည်း ရာဇဝတ်သား အမတ်မင်းအိမ်က အစေခံဆိုပြီး ဘယ်သူမှ မငှားချင်ကြဘူး.. တံမြက်စည်းနဲ့ ရိုက်မထုတ်တာတောင် ကံကောင်း.. ကျွန်မမှာ မိန်းကလေးတယောက်ထဲ.. ဇာတိမြေကလည်း မိုင်တရာလောက်ကွာတယ်.. ကျွန်မ တယောက်ထဲ ရအောင်ပြန်ပြီး ဆွေမျိုးတွေ အရိပ်မှာ ခိုလှုံမယ်ပေါ့.. ပြန်နေရင်း လမ်းမှာ ဓားပြတွေနဲ့ တွေ့ပါရောလား.. သူတို့က.. ကျွန်မကို... အဟင့်... နောက်တော့ ကျွန်မ ဒီမှာ ကိုယ့်ကိုယ်ကို ရောင်းစားလိုက်တော့တာပဲ"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..
Part - 28
Start from the beginning