" ဟိုလေး ဒီမှာအချိန်ပိုင်းအလုပ်သမား
လိုတယ်ဆိုပြီးစာကပ်ထားတာ တွေ့လို့ပါ..."" ဟုတ်ပါတယ် "
" ဟုတ်ကဲ့ ဒါဆို ခ လုပ်လို့ရလားရှင့်"
ဆိုင်ရှင် အဒေါ်ကြီးသည်သူမအားအကဲခက်ကာ
" သမီးက တက္ကသိုလ်ကျောင်းသူလား"
" ဟုတ်ပါတယ် "
" ဒါဆိုရင် အဆင်ပြေတယ်...ညနေ၅နာရီကနေ
ည ၉နာရီခွဲအထိ သမီးဘက်ကအဆင်ပြေပါ့မလား"" ပြေပါတယ် "
" လစာကတော့တစ်လကို တစ်သိန်ပေးမယ်
အဆင်ပြေလား...ပြီးတော့ လုပ်ရည်ကိုင်ရည်ကြည့်ပြီး တိုးပေးရင်တိုးပေးမယ်ပေါ့.. "" ဟုတ်ကဲ့ ခအဆင်ပြေပါတယ်..."
" အိုကေလေး ဒါဆိုရင် မနက်ဖြန်ကစပြီးအလုပ်ကိုလာလို့ရပြီး..."
" ကျေးဇူးတင်ပါတယ်နော ဒေါ်ဒေါ်...
အလုပ်ပေးလို့လဲ ကျေးဇူးပါ "" ကောင်းပါပြီး "
" ဒါဆို ခ ပြန်တော့မယ်နော...အတန်းရှိသေးလို့"
" ကောင်းပါပြီး ကွယ်..."
အလုပ်ရသွားသည့်အတွက်သူမပျော်နေလေသည်...
ညနေပိုင်းသို့ရောက်သော် သူမစက်ဘီးလေးနင်းကာ ပြန်လာသည်... အနောက်တွင်ကားတစ်စီးသည် သူမစက်ဘီးအနောက်မှလိုက်သည်...
ဂရုမစိုက်ဘဲစက်ဘီးကိုသာနင်းသည်...
ကားထဲမှ လှိုင်းသည်..." အဟက်...အခုလိုကျတော့သနားစရာပါလား...
ဒါမဲ့ ငါ့မျက်လုံးထဲတော့ သနားစရာတစ်ကွက်မှ
မရှိဘူး..."ထိုသို့ရေရွတ်ပြီး ကားကို ခ ၏အနားမှ ရှုပ်မောင်းသွားသော် ခသည် လန့်ကာ စက်ဘီးမှောက်သွားလေသည်...
" အာ့...အမလေး...ဘယ်လိုလူလဲမသိဘူး...
အားးးနာလိုက်တာ..."ထမီကိုဒူးအတိလှန်လိုက်ပြီး ကြည့်သော် ဒူးကပြဲနေပြီးသွေးတွေစီးထွက်လာသည်..
တံတောင်ဆစ်သည် လဲ ပွန်းပဲ့နေတော့သည်...
တစ်ခါတစ်ရံဖြစ်တက်သည်မို့ မောင်းသည့်ကားသမားကိုလဲသူမ အပြစ်မဆိုခဲ့ပါ...သူမကသာ
သတိမထားနိုင်သောကြောင့်ဟုသာ တွေးပြီးစက်ဘီးလေးတွန်းကာ ပြန်လာခဲ့သည်...
အိမ်ထဲရောက်သော် စက်ဘီးအားရပ်ကာ...
အိမ်ထဲဝင်လာလေသည်...
စည်းတစ်ဖက်ကမ်းလွန်သော်
Start from the beginning