ဒါပေမယ့် ဒီနေ့တော့ ကျောင်းမှာ fresher welcome ပွဲရှိတယ်လေ။ အငယ်လေးတွေ အများကြီးနဲ့ တွေ့ရတော့မယ်။လူ‌‌ေတွ အရမ်းများတော့ နည်းနည်းစိတ်ပင်ပန်းမှာပေမယ့် သူငယ်ချင်းလေး တစ်ယောက်လောက် ပေါ်လာရင်ကို နည်းနည်းအဆင်ပြေလောက်မှာပါ ဆိုတဲ့ အတွေးနဲ့ပဲ ပွဲကို သွားဖို့ ပြင်လိုက်တယ်။
ဒီနေ့ရဲ့ outfit က အကျီ အဖြူစတစ်နဲ့ ပုဆိုး အပြာနဲ့။ ထူးထူးခြားခြားမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်တော့ ဖြစ်နေ‌သည်လေ။

*ကဲ ဒါဆို သွားလို့ ရပြီ*

ဆိုပြီး ပွဲဆီကို တစ်ယောက်ထဲပဲ ချီတက်လာခဲ့သည်။

ဟိုကိုရောက်တော့ ပွဲက စနေလေပြီ။လွတ်‌ေနတဲ့ ခုံလေးမှာပဲ ဝင်ထိုင်လိုက်ပြီး ပွဲကို ကြည့်လိုက်တော့ မိန်းကလေးအဖွဲ့က k-pop သီချင်းနဲ့ ကနေလေသည်။

သီချင်းကလဲ ကိုယ် အရမ်းကြိုက်တဲ့ Blackpink ရဲ့ play with fire ဆိုတော့ တိုးတိုးလေး လိုက်ဆိုရင်း သီချင်းကိုပဲ အာရုံစိုက်ထားမိလိုက်တယ်။
သီချင်းပြီးသွားတော့မှ လက်ခုပ်တီးပေးရင်း ဘေးကိုကြည့်လိုက်မိတော့ လူတစ်ယာက်က လာထိုင်နေသည်ပဲ။ အစတော့ အရမ်းလန့်သွားပြီး နောက်မှ ဖြည်းဖြည်းချင်း မသိမသာကြည့်လိုက်တော့ အရမ်းချောတဲ့ စီနီယာ အကိုကြီးဖြစ်နေသည်။
ကျွန်တော် ခေါင်းကို မလှည့်ရဲတော့ပဲ ရှေ့ကိုသာ တည့်တည့်ကြည့်နေလိုက်သည်။ ဘယ်လိုဖြစ်လို့ ရင်ထဲက ထူးဆန်းတဲ့ ခံစားချက်ဖြစ်နေပါလိမ့်။ သူစိမ်းတစ်ယောက်နဲ့ ဘေးမှာ ထိုင်နေရလို့လား။ ဒါမှမဟုတ် အရမ်းချောတဲ့ စီနီယာ ဖြစ်နေလို့လား။
ဒီလိုနဲ့ ပွဲက ခဏနေတော့ ပထမပိုင်း ပြီးသွားသည်။ ကျွန်တော် မထရဲသလို လှည့်လဲ မကြည့်ရဲ။ စီနီယာ ထမှပဲ ထ‌သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ခဏနေတော့ စီနီယာက

"မင်းက အကိုတို့ မေဂျာက မင်းခန့် မဟုတ်လား.. "

ဆိုပြီး စကားစလာသည်။

*အာ ဟုတ်ကဲ့ဗျ*

" ဪ မင်းက k-pop သီချင်းတွေ ကြိုက်တာလား"

*ဗျာ..?*

" ဪ ခုဏက လိုက်ဆိုနေတာတွေ့လို့လေ အဲ့ဒါကြောင့် မေးလိုက်တာ"

When Unexpected Thing Happened Where stories live. Discover now