" အင်း "

.....

" မမလှိုင်တို့ ရောက်လာတာ စောသားပဲ။ရတီတို့က
မမလှိုင်တို့ နည်းနည်းနောက်ကျလောက်မယ်လို့
ထင်နေတာ... "

" တမင်ကို စောစောလာခဲ့တာ ညီမရတီရေ... ကလေးတွေရော၊လူကြီးတွေပါ စကားပြောလို့ရအောင်လေ "

" အင်း ဟုတ်တာပေါ့။ဧည့်သည်တွေလည်း သိပ်မရောက်တော့... အစ်မပြောသလို စကားပြောလို့ရတာပေါ့။ဒီဘက်မှာနားမှာ ထိုင်ပါ အစ်မ။အစားသောက်တွေနဲ့လည်း နီးတယ် "

ဒေါ်မြရတီ မကြာခင်တော်ရတော့မည့် ခမည်းခမက်မိသားစုအား... ဧည့်ဝတ်ကျေပွန်စွာဖြင့် နေရာထိုင်ခင်းကို ပြပေးရင်း... ခပ်လှမ်းလှမ်းမှာ သူငယ်ချင်းမိန်းကလေးတွေနဲ့ စကားပြောနေတဲ့ သမီးကို အနားလာဖို့... ကောင်မလေးတစ်ယောက်ကို ခေါ်ခိုင်းရသေးသည်။

" သားတိုက်လည်း ထိုင်လေ။သမီးက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေလို့  စောနကလေးမှ ရောက်လာတဲ့ သူ့ကုမ္ပဏီဝန်ထမ်းတွေနဲ့ သတင်းဌာနက ဝန်ထမ်းတွေရောက်လာကြလို့ ဧည့်ခံနေတာ။သူလည်း ခဏနေရင် လာပါလိမ့်မယ် "

" ဟုတ်ကဲ့ ရပါတယ် အန်တီ "

" မာမီ "

" လာ... သမီး "

" အန်တီတို့ရောက်နေတာ ဝတ်ရည်မသိလိုက်ဘူး။
အားနာလိုက်တာ "

" မိသားစုတွေပဲဖြစ်တော့မှာကို ဘာအားနာစရာရှိလို့လည်း သမီးရယ်... "

တိုက်,မှာ မာမီ့စကားကို ဘဝင်မကျဖြစ်သွားရသည်။ဘာကြောင့်ဆို မာမီ့စကားက တစ်ဖက်မိန်းကလေးကို တမျိုးအတွေးတွေ ဝင်စေတယ်လေ။ကိုယ်က သဘောမကျလို့ပါ အပြီးအပြတ်ပြောထားတာကို မာမီ အခုလိုတွေပြောနေတာက
တစ်ဖက်မိန်းကလေးအပေါ် မျှော်လင့်ချက်ပေးရာလည်း ရောက်တယ်လေ။

" အဟင်း "

ယောက္ခမလောင်း၏ စကားကြောင့် ဝတ်ရည်,သည်
ရှက်ပြုံးလေးနဲ့ရယ်မိသည်။ကိုတိုက်ကိုလည်း မသိမသာခိုးကြည့်တော့ ဝတ်ရည်ဆီမှာ အကြည့်ကရှိမနေတာမို့ နည်းနည်းလေးတော့ မကျေမနပ်ဖြစ်သွားရသည်။သို့ပေမဲ့ ကိစ္စမရှိ။ဒီလူက မကြာခင်မှာ ဝတ်ရည်ပိုင်ဆိုင်ရာ ဖြစ်လာတော့မယ့်လူမလား။

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now