"ဟင့်အင်ကိုကို ငါနားလို့မရဘူး ငါ့မှာအချိန်မရှိတော့ဘူး နက်ဖြန်ဆိုဖြေရတော့မှာ ငါလိုအပ်နေသေးတယ်လေ"
"ဟင်း ကိုကိုပြောမယ် ဖူဝင်းသိလား တကယ်တမ်းကျ ဖူဝင်းမှာအချိန်တွေအများကြီးရှိပါတယ်။ စာမေးပွဲမဖြေခင်တစ်စက္ကန့်အလိုထိဖူဝင်းမှာကြိုးစားဖို့အချိန်အများကြီးရတယ်။ ဖူဝင်းရဲ့အိပ်ချိန်ကိုလည်းထည့်တွက်ဦးမှပေါ့"
သူခုလိုပြောမှ စာအုပ်ကို လှမ်းလုနေရင်းကနေ တဖြည်းဖြည်း ငြိမ်သက်သွားတဲ့ လက်ကလေး။
"ကိုကို ကျတော်လေအခုတလောသိပ်မွန်းကြပ်တာပဲ။ကျတော်က ဖိမစ်ကိုသိပ်ချစ်တာကိုကိုရဲ့။ ပထမဦးဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်မို့ထင်ပါရဲ့ ကျတော်မပြောပြတတ်ဘူး။ ကျတော်လေ ညတိုင်းညတိုင်း ဖိမစ်ရဲ့မျက်နှာကလေးကိုပုံဖော်ကြည့်တယ်။ကျတော်လည်းတစ်နေ့ ဆေးကျောင်းကိုတက်ရမယ်ဆိုတဲ့စိတ်ဆန္ဒဟာပိုပြီး ပြင်းထန်လာတယ်။ ဖိမစ်ကြောင့် ကျတော်အသက်ရှင်သန်ရတာဟာပိုပြီးလေးနက်လာတယ်လို့မြင်တယ်။တခါတလေကျလည်း ကျဝောာ်မလုပ်နိုင်ခဲ့ရင်ဆိုတဲ့အတွေးကြီးက ကျတော့်ကို နှိပ်စက်နေသလိုပဲကိုကိုရယ်.."
သူစကားကို ကိုကိုက အပြုံးလေးတစ်ချက်ပြုံးကာ ကြည့်လာလေတယ်။ ကိုကိုအပြုံးကဘယ်လိုမျိုးကြီးပါလိမ့် သူအဓိပ္ပာယ်မဖော်တတ်ဘူး။ဝမ်းနည်းလို့လား တခုခုကို နာကျည်းစွာလက်ခံလိုက်ရလို့လား အောင်သက်သက်နဲ့ မသိဘူး ကိုကိုရဲ့အပြုံးကိုသူနားမလည်ဘူးသေချာတာကတော့အဲ့အပြုံးက တကယ်နှစ်"ကာ"အပြုံးမျိုးမဟုတ်ဘူးဆိုတာပဲ။ထို့နောက်ကိုကိုက ဖူဝင်းရယ်ဟု ပြောကာ ဆက်၍
"ဖူဝင်းသိလား ကိုကိုတို့ဘယ်လိုအချိန်မျိုးတွေမှာပူပန်ကြောင့်ကျမှုစိုးရိမ်မှုဆိုတာတွေဝင်လဲသိလား"
သူ့အပြောကိုဖူဝင်းက ခေါင်းလေးခါတော့ သူတစ်ချက်ပြုံးကာ
"မမြင်ရတဲ့အရာ၊ကိုယ်handleလုပ်လို့မရတဲ့ out of control ဖြစ်နေတဲ့အရာတွေကို သွားစိုးရိမ်ပူပန်နေလို့ပဲ။စာမေးပွဲတစ်ခုလိုပေါ့ ကိုယ်ကစာမေးပွဲကိုဖြေနေတယ် ဒါမဲ့ ငါစာမေးပွဲမှာအမှတ်အများကြီးရပါ့မလားဆိုပြီးစိုးရိမ်ပူပန်နေသလိုပဲ။ အမှတ်ရတာမရတာက ကောင်းစွာဖြေနိုင်မဖြေနိုင်အပေါ်မှာပဲမူတည်တယ်လေ။ အခုဖူဝင်းက လက်ရှိအချိန်ကိုပဲ ဂရုစိုက်သင့်တယ်လေ။ကိုကို့ရဲ့ဖူဝင်းလေးကသိပ်တော်တာပဲ။တစ်ခုမှတ်ထားရမှာက ဖူဝင်းဘာပဲဖြစ်လာပါစေ ကိုကိုကဖူဝင်းအနားမှာအမြဲရှိနေပေးပြီး ဖူဝင်းရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပေးမှာဆိုတာပဲ"
ကောင်းလိုက်တာ သူ့ကိုနားလည်ပေးပြီး သူ့ကိုအရမ်းချစ်ပေးပြီး သူရဲ့ဖြစ်တည်မှုတိုင်းကိုချစ်မြတ်နိုးပေးတဲ့ကိုကို့လိုလူကိုပိုင်ဆိုင်ထားရတာ။သူ့ကိုအမြဲလိုလိုဖေးမဆက်ဆံပေးတတ်တဲ့၊အလျော့ပေးတတ်တဲ့ကိုကို့ကိုသူတကယ်ချစ်ပါတယ်။
"ကိုကို့ကိုကျတော်သိပ်ချစ်တယ်နော်"
သူ့ကိုဖက်လာပြီး ပြောလာတဲ့ဖူဝင်း။ ကိုကိုကလည်းမင်းကိုသိပ်ချစ်ပါတယ်ကွာ။ ဖူဝင်းလို ညီကအကိုကိုချစ်တဲ့အချစ်မျိုးမဟုတ်ပေမဲ့လို့ပေါ့...
____
"မေကြီး သားအခန်ယမှာရပ်ပြီး အဲ့တာဘာလုပ်နေတာလဲ ဖူဝင်းဘာဖြစ်လို့လဲ"
အနောက်ကနေ သူ့ကျောကိုပုပ်ကာပြောလာတာကြောင့်
"ရှူတိုးတိုး ကလေးနှစ်ယောက်အိပ်နေတယ်၊ ကျမတို့သွားရအောင်"
အစက သူမအခန်းထဲဝင်ပြီး သားပွန်နဲ့ဖူဝင်းအဆာပြေမုန့်စားမလာဆိုပြီး သူအပေါ်ထပ်တက်လာပေမယ့် သူမြင်လိုက်ရတဲမြင်ကွင်းကြောင့် သူ့မှာကြည်နူးရိပ်သန်းရတယ်။
သားပွန်က ကုတင်ပေါ်မှီကာ အိပ်ပျော်နေတယ်။သားငယ်လေးကတော့ သူ့အကိုရဲ့ ရင်ဘတ်ပေါ်ခွေခွေလေး သူ့အကို့ကိုဖက်ကာအိပ်နေတယ်။ဖူဝင်းရဲ့အကျင့်ကအဲ့လိုပဲ။ သူအရမ်းအိပ်ချင်ရင် ကျောလှဲရာတစ်နေရာစာဖြစ်ဖြစ် ဒီတိုင်းငုတ်တုတ်ဖြစ်ဖြစ်အိပ်တတ်တဲ့အကျင့်ရှိတယ်။ ဒါမဲ့ထူးဆန်းစွာနဲ့ပဲ ပွန်နဲ့ရှိနေတဲ့အခါမှာ ဖူဝင်းလေးကတအားကပ်ပြီး သားပွန်ရဲ့ပုခုံး၊ရင်ဘတ်၊ပေါင်ကို သူ့ခေါင်းအုံးအဖြစ်အသုံးပြုတတ်တာဟာငယ်ငယ်လေးကတည်းက။ ပွန်ကလွဲပြီး ကျန်တဲ့သူပဲရှိရင်တော့ သူဘာသာဖြစ်သလိုအိပ်တတ်တဲ့ကလေး သူနဲ့ဆိုရင်တောင်မှလေ....
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....
Part6
Start from the beginning