ကျောင်းသားအနေဖြင့် အရင်ကအတိုင်း ဆိုးသွမ်း နေရင်တောင်မှ သူ လက်လျော့ပေးပြီး ပျက်စီးသွားသည်ကို သူထိုင်ကြည့်မနေသင့်ပေ။ သူသည် ကျောင်းသား အားလုံးကို ညီတူညီမျှ ဆက်ဆံပြီး ဝမ်ကျစ်ချူးအား လမ်းမှား မရောက်စေရန် ဆွဲခေါ်ရမည်ဖြစ်သည်။

ပညာသင်ပေးခြင်းသည် ဆူပူခြင်းမဟုတ်၊ မေတ္တာတရားများနှင့် အားပေးခြင်းမျိုးဖြစ်သည်။ အခုလို အချိန်သည် ချစ်ခြင်းမေတ္တာတို့အား ဝေမျှပေးရမည့်အချိန်ဖြစ်သည်။

ဌာနမှူးသည် လက်ကိုမြှောက်လိုက်ကာ ကျောင်းသားဝမ်၏ပိန်ပါးသော ပုခုံးလေးအား ပုတ်လိုက်ကာ ကြင်နာစွာပြုံး လျှက် "မဟုတ်ပါဘူး၊ မင်းက တော်တဲ့ကလေးပါ"

ဝမ်ကျစ်ချူးဟာ သူ့ခေါင်းကို ပလုပ်တုတ်လေးတစ်ခုကဲ့သို ခါယမ်းလျက် "မဟုတ်ပါဘူး ဆရာ"

ဌာနမှူးဟာ အနည်းငယ်စိုးရိမ်သွားလျှက် "ဘာလို့ မင်းက လူတော်လေး မဟုတ်ရမှာလဲ။ သေချာပြန် စဉ်းစားကြည့်ပါဦး မနေ့က မင်းကျောင်းကို ပြန်လာပြီး ဟန်ဆောင်...။ မဟုတ်ဘူး မင်းစာလေ့လာ ခဲ့တာပဲ"

ဌာနမှူးရဲ့ စကားက ဝမ်ကျစ်ချူးကို အရမ်း စိတ်လှုပ်ရှားသွားစေပြီး ဂျူနီယာ အလယ်တန်းကျောင်းမှာ ပထမဆုံး အတန်းရှေ့တွင် စကားပြောရ သလိုမျိုးပဲ ကိုယ်ဆက်ပြောမည့် စကားများကိုတောင် မေ့သွားမိသည်။ သူ၏ ဦးနှောက်လေးမှာ အလျင်အမြန် ပြန်လည်တွေးတောလိုက်ပြီး သူနှင့်သူမူလခန္ဓာကိုယ် လုပ်ခဲ့သည့် စည်းကမ်းမရှိသောကိစ္စများအား ရေတွက်နေခဲ့သည်။ "မနေ့က ကိုယ်ပိုင် စာလေ့လာချိန်ကို ကျွန်တော်ပြေးခဲ့တယ်လေ"

ဌာနမှူး : "မင်းကအရင်စပြီး ဝန်ခံတယ် ပြီးတော့ နောင်တလဲရတယ်လေ"

ဝမ်ကျစ်ချူး : "ကျွန်တော်ဆရာ့ကို ကျိန်ဆဲခဲ့သေးတယ်"

ဌာနမှူးက ပြန်နောက်ဆုတ်သွားလျက် "မင်းအနာဂတ်မှာ ဘာပြစ်မှုမှမကျူးလွန်နဲ့တော့"

ဝမ်ကျစ်ချူးသူ့ကိုကြည့်လိုက်ပြီး "ကျွန်တော်ဆရာ့ကို နာမည်ပြောင်တောင်ပေးထားသေးတယ်"

ဌာနမှူး၏ အပြုံးများ ခဏတာရပ်တန့်သွားပြီး "ဆရာ ဒါတွေ ဂရုမစိုက်ဘူး"

ဗီလိန်ဗျူဟာWhere stories live. Discover now