"အေး ဆေးလိပ်က မကောင်းဘူးနော် အဆုတ်ထိမယ် "

"အေးပါ မိန်းမရယ် "

ထယ်ယောင်းကပြုံးစိစိနဲ့ပြောတော့

"မင်းနော် စေတနာနဲ့မတန်တဲ့ကောင် ငါလုပ်လိုက်ရ
မင်းဂျီးတော် မိန်းမလား"

"jiminna မင်းကလေ အရမ်းအနံ့ခံကောင်းတာနော် အမဲလိုက်သင့်တယ် သိလား"

ထယ်ယောင်းတစ်ယောက် ဂျီမင်ကိုစိတ်ဆိုးအောင်စပြီးရေချိုးခန်းသို့ ဝှီးခနဲပြေးလေတော့သည် သိတယ်မလား ချစ်သူငယ်ချင်းရဲ့လက်စလက်နက ဖိနပ်ပျံတွေလာတော့မယ်လေ
ဒီလိုနဲ့နှစ်ယောက်သား ကုမ္ပဏီရောက်တော့

At Co:

"jiminဒီနေ့ မင်းteamကို လူသစ်တစ်ယောက်ရောက်မယ် ပြောတယ်မလား"

"အင်း ဟုတ်တယ် ဒါရိုက်တာချုပ် သွင်းပေးတဲ့တစ်ယောက်လို့တော့ ပြောတာပဲ နိုင်ငံခြားကနေပြန်လာတာတဲ့ အတွေ့ကြုံရှိတယ်ပြောတယ်"

"ဟာ ဒါဆို ငါ့teamလေးတော့သွားပါပြီ ငါ့teamကအင်အားနည်းနေတော့ မင်းကိုတော့ရှုံးတော့မှာပဲ ဟွန်း မဖြစ်သေးပါဘူး တစ်ခုခုဆို ချစ်ကတာဝန်ယူ
ပေးရမှာနော် "

ထယ်ယောင်းကဂျီမင်လက်မောင်းကိုမှီရင်းကပ်ချွဲသလိုလေးပြောတော့ ဂျီမင်က မနိုင်ဘူးဆိုတဲ့ပုံနဲ့ခေါင်းခါရင်း အလုပ်သာဆက်လုပ်နေလိုက်လေသည်

တဖက်တွင်လည်း

jin hyungတစ်ယောက် သူ့မိဘအိမ်ပြန်လေသည် သူ့ညီလေးကိုလည်းတွေ့ရင်းပေါ့
သူကတစ်ဦးတည်းသောသားမို့အဖော်မက်လေတော့ သူ့ညီလေးက သူ့အတွက် အရာရာပဲ သူ့ညီလေးဆိုတာက သူ့အဖေနဲ့အမေ မွေးစားထားတဲ့ ညီလေးပေါ့ jinကသူပဲကျောင်းထားပေး သူပဲဆုံးမ သူပျိုးထောင်ခဲ့ရတဲ့ ကလေးလေးပေါ့ အခုတော့ လူပျိုဖြစ်နေပြီ တက္ကသိုလ်တက်ရင်း အချိန်ပိုင်အလုပ်တွေနဲ့ကြိုးကြိုးစားစား စာလေ့လာရင်းသူနဲ့တွေ့ချိန်တောင် သိပ်မရှိတာမို့ ဒီလိုပိတ်ရက်မျိုးဆို သူပြန်လေ့ရှိသည်

≤မေမေ ကျွန်တော်ပြန်ရောက်ပြီ≥
≤အော သားအစောကြီးရောက်တာပဲ ဖုန်းကြိုမဆက်ဘူး ဟင် ကြည့်စမ်းဒီကလေး အသက်ကြီးလာတော့ မအေအဖတ်မလုပ်ဘူးပေါ့ ဟုတ်စ≥
jin hyungလည်းမီးဖိုခန်းထဲဟင်းချက်နေတဲ့အမေ့ခါးကိုဖတ်ရင်းရင်ခွင်ထဲတိုးဝင်ကာ
≤ဟုတ်ရပါဘူး မေရာ သားက supriseလုပ်ချင်လို့လေ ဟဲ ဟဲ ဒါနဲ့ မေ့ jooineရော မထသေးဘူးလား≥
≤ဘယ်ကသာ သားညီလေးက တက္ကသိုလ်အဆောင်မှာလေ နှစ်ဝက်ကတည်းက ပြောင်းနေနေတာလေသားမသိဘူးလား မေမေက သားသိတယ်မှတ်နေတာ≥
≤ အဲ ဒီကောင်လေးတော့ အကိုကိုမပြောဘူး သားကသူ့ကိုအိမ်မှာပဲထင်တာ အသက်ကြီးလာတာနဲ့ အချိုးလေးတွေက ပြောင်းပြီ≥
≤အောင်မာ ကောင်ဆိုးလေး ရှင့်တုန်းကလည်းအဲ့လိုပဲလေ ‌လုပ်ချင်ရာလုပ်ပြီးမှ မေရေ ဘယ်လို ဘယ်လိုဆိုပြီးပြောခဲ့တာမလား ငါ့သား jooineလေးကမှလိမ္မာတာ မအေကိုပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်ပြီးမှလုပ်တာပါနော် ဟွန့်≥

You are my existenceWhere stories live. Discover now