ဗိုက်ဖြည့်လိုက်‌ပြီးနောက်အလုပ်လုပ်ရတော့မှာပေါ့ ပန်းကန်လုံးကိုချလိုက်ပြီးရှန့်ယန်ပေဟာပါးစပ်ကိုသုတ်လိုက်ရင်းပြောခဲ့သည် "ကောင်းပြီ ဇနီးလေး သွားကြစို့ သွားပြီးပိုက်ဆံပြန်ယူကြရအောင်"

ကုချန်း‌ဖန်းဟာဘာကြောင့်လဲဆိုတာနားမလည်ပေမယ့်ရှန့်ယန်ပေအိမ်ကအမြန်ထွက်ချင်နေခဲ့တာကိုမြင်ပြီးသူ(ချန်းဖန်း)ဟာသူ့(ယန်ပေ)ရဲ့ပခုံးပေါ်သို့အပေါ်ဝတ်ရုံကိုတင်ပေးလိုက်သည်။

ရှန့်ယန်ပေရဲ့စိတ်ထဲတွင်အားလုံးကိုတွက်ချက်ပြီးပြီဖြစ်သည်။သူဟာလက်ထဲတွင်လယ်မြေနှင့်လယ်ငှားခရဲ့စာရင်း‌တွေကိုယူလာပြီးရွာသားရှန့်ယွီခိုင်ရဲ့အိမ်ကိုတိုက်ရိုက်လျှောက်သွားခဲ့သည်။

ထိုရှန့်ယွီခိုင်ကမူလကိုယ်အဖေဘက်ကအဖိုးရဲ့ဝမ်းကွဲ၏ဒုတိယမြောက်သားဖြစ်သည်။သူဟာအလွန်တွန့်တိုတတ်ခြင်းကြောင့်ကျော်ကြားသည်။အရင်တုန်းကရှန့်ယွီခိုင်ဟာဆွေမျိုးတော်စပ်တယ်ဆိုသော‌အကြောင်းပြချက်ကိုသုံးပြီးငှားခတွေကိုအချိန်မှန်ပေးပါမယ်လို့ငိုယိုကာကတိပေးခဲ့သည်။ထို့ကြောင့်အဖေရှန့်ဟာသူ့ကိုစပါးလယ်သုံးမူနှင့်ခြောက်သွေ့လယ်နှစ်မူကိုငှားရမ်းပေးခဲ့သည်။

အဆုံးမှာတော့သူဟာထိုလယ်မြေတွေရရှိပြီးနောက်ထိုရှန့်ယွီခိုင်ကဆင်းရဲယောင်ဆောင်လာခဲ့ပြီးငှားခကိုပေးဖို့အချိန်ဆွဲလာကာအားလုံးကိုမပေးချေခဲ့ပေ။အဖေရှန့်နှင့်အမေရှန့်ကွယ်လွန်သွားပြီးပြီးချင်းသူဟာငှားခနှင့်ပတ်သက်၍ရိုးရှင်းစွာမေ့ပစ်ခဲ့ပြီးတော့သူ့မိသားစုအပိုင်လို့တောင်မှတ်ယူနေခဲ့သည်။
ထိုအရာကရှန့်မိသားစုရဲ့ငှားခတွေကိုမပေးသောမိသားစုများထဲမှာမှကျိုးကြောင်းဆီလျော်မှုမရှိဆုံးဖြစ်သည်။ မူလကိုယ်ဟာရှန့်ယွီခိုင်ရဲ့လုပ်ရပ်တွေကိုသိနေပါသော်လည်းခင်မင်ရင်နှီးမှုကိုချိုးဖျက်ရန်မလုပ်ရဲခဲ့ချေ။

ဒါပေမယ့်ရှန့်ယန်ပေကမူလကိုယ်မဟုတ်ပေ။သူကသူများကိုရိုက်ချရတာသဘောကျသည်။သူများကိုအခွင့်ကောင်းယူရတာကြိုက်သောထိုကြက်ဖကြီးရှန့်ကိုပြင်းပြင်းထန်ထန်မလုပ်လျှင်အမှန်တကယ်ပြင်းထန်မှုကိုသူသိမှာမဟုတ်ချေ။

"ရှန့်ယန် နေကောင်းသွားပြီလား?"သူအပြင်ထွက်လိုက်သောအခါအသက်ကြီးသော‌အဒေါ်တစ်ယောက်နှင့်ဆုံတွေ့ခဲ့သည်။ထိုအဒေါ်သည်အရပ်အလွန်ပုပြီးတော့ဖော်ရွေသောအမူအရာနှင့်ဝဝကစ်ကစ်ဖြစ်နေသည်။သူ(မ)ဟာရှန့်ယန်ပေကိုအပေါ်အောက်ကြည့်လိုက်ပြီးသူ(မ)ရဲ့အကြည့်တွေဟာလည်းသူ့(ယန်ပေ)နောက်မှာရှိနေသောအရပ်ရှည်သန်မာသည့်ကုချန်းဖန်းဆီရောက်သွားသည်။ထိုအကြည့်တွေဟာတစ်ခုခုကိုသိချင်သောအကြည့်တွေဖြစ်သည်။

My Favourite Manly Husband [mm translation]Where stories live. Discover now