"ငါမေးနေတယ် ပြောလေ ကိုကို ပြော "

"ဟဲ့ဟဲ့ နွေဦးမေ ရယ် ဘာလို့ အဲ့လောက်ရိုက်နေတာလဲကလေးကို အဆင့်သုံးရတာဘာဖြစ်လဲ ကျနေတာမှ မဟုတ်တာ"

"မေမေ မေမေမသိပါဘူး မိဘက သူ့ကိုလိုလေးသေးမရှိ ပြီးပြည့်စုံအောင်ထားပေးထားတာ သူ့ဘက်က စာလေးကြိုးစားပေးရုံပဲကို ဘာတွေ အဲ့လောက်တောင် အသုံးမကျနေရတာလဲ"

"ဟဲ့ ညည်းနဲ့ ငါ့မြေးက စာမကြိုးစားလို့လား အခုလည်း အဆင့်သုံးရတာ ကောင်းတယ့် အမှတ်ပဲလေ ညည်းကိုက ပိုလွန်းတယ်"

"‌ပိုလွန်းတာမဟုတ်ဘူးမေမေ သူအရင်လကတောင် အဆင့်တစ်ရခဲ့တာ အခုလ အဆင့်သုံးဆိုတာ သူစာ မကြိုးစားလို့ပေါ့ မေမေရဲ့"

"အမလေး နွေဦးမေရယ် ညည်းတုန်းကရော အဆင့်သုံးတောင်ရဖူးလို့လား အဆင့်သုံးမပြောနဲ့ ဝမ်းတူတမ်း (1 to 10 )တောင် ဝင်ခဲ့ဖူးလို့လား ကိုယ့် အလှည့်တုန်းကတောင်မရခဲ့တဲ့ အရာကို ကိုယ့်သား အလှည့်မှ လောဘတွေ ဇွတ်ကြီးမနေနဲ့"

"မေမေ အခုက နွေလောဘကြီးနေတာ မဟုတ်ဘူး သူအတွက်ပဲပြောနေတာ သူပညာတက်မှ သူ့ဘဝကောင်းစားမှာ သူ့ဘဝကောင်းစားမှ သားငယ်ကိုလည်း သူကြည့်နိုင်မှာလေ သူဒီလို အသုံးမကျပုံမျိုးနဲ့ နွေတို့က သူ့လက်ထဲသားငယ်ထည့်ခဲ့ပြီး ဘယ်လို အသေ‌‌ဖြောင့်တော့မှာလဲ"

"အမလေးမိနွေရယ် ညည်းဒီစကားတွေပြောဖို့ စောပါသေးတယ်ဟဲ့ နင့်သားအသက်က အခုမှ ဆယ်နှစ်နှစ်ပဲ ရှိသေးတာ ပြီးတော့ညည်းကရော ငါပြောလိုက်မကောင်းရှိတော့မယ်"

"မေမေ မေမေ့မြေးဘက် အဲ့လောက်မကာနဲ့ အခုကတည်း ဒီလောက်မတင်းကြပ်ထားရင် ကြီးလာရင်ပိုဆိုးလိမ့်မယ်"

"နွေဦးမေ ဒါညည်းမွေးထားတယ့် ညည်းသားအရင်းနော် ကိုယ့်သားအကြောင်းကိုယ်မသိဘူးလား ပိုင်မှူးနောင်က ကြီးလာရင် ဆိုးသွမ်းမယ့်ကလေးလားဟမ် အခုတောင် ညည်းတို့ဒီလိုတွေအရမ်းတင်းကြပ်နေမှ မဖြစ်သင့်တာတွေဖြစ်လာတော့မှာ ညည်းရဲ့ သားသမီးထိန်းကျောင်းနည်းတွေက လုံးဝလမ်းလွဲနေတယ်နော် နွေဦးမေ"

"ကောင်းပါပြီ ဒါဆိုလည်း မေမေ့စိတ်ကြိုက်သာလုပ်တော့ မေမေ့မြေး ကိစ္စ ဘာမှဝင်မပြောတော့ဘူး ပိုင်မှူးနောင် နင်လည်း နောက်နေ့ကစပြီး ငါ့ကို နင့်ကိစ္စ ဘာမှလာမပြောနဲ့ "

ချစ်လွန်း၍...........(ongoing)Where stories live. Discover now