"အဲ့တာပိုဆိုးတယ် တော်ကြာ ခြေထောက်ပေါ် မြွေတက်လာရင် ဘယ်လိုလုပ်မလဲ"

"မောင်ရာ ဘယ်လိုဖြစ်နေတာလဲ အဲ့တာဆိုလဲ မသွားနဲ့တော့"

"နေ....နေပါဦး..."

အိမ်သာထဲကိုပဲ ဝင်လိုက်ရသည်။ အရပ်နှင့် မလွတ်တာကြောင့် ခေါင်းငုံ့ပြီးဝင်ရသည်။ ခနလောက် အကြာမှာပဲ ပြန်ထွက်လာပြီး အရှေ့နားက ရေကန်မှာ လက်ဆေးနေတုန်း.....

"မြွေ .... မြွေ ... မြွေ ဟာ"

မြွေကိုမြင်ပြီး အလန့်တကြားထအော်သော ဟန်မင်းမြတ်ကြောင့် ခေတ်လွှမ်းထင်ပါ လန့်သွားရသည်။ ခေတ်လွှမ်းထင်နောက်မှာ
ဝင်ပုန်းနေသော ကိုလူဆိုး....

"ဟာ မြွေလေးသေးသေးလေးကို ဘာဖြစ်နေတာလဲ"

"သေးသေးလေးလဲ မြွေပဲဟ ကြောက်တယ်"

"အမယ် မောင့် အင်တာဗျူးတွေထဲမှာရော အပြင်မှာရော မောင်ကြောက်တဲ့အရာမရှိပါဘူး အခုကြဘယ်လိုဖြစ်တာတုန်း"

"လူဆိုတာ သူတို့ချစ်တဲ့သူကိုပဲ ထုတ်ပြတတ်တဲ့ သူတို့အမူအကျင့်ဆိုတာ ရှိတယ်ကွ"

ခုနက အင်္ကျီစကို လှမ်းဆွဲထားသည်ကို
ဖြုတ်ပြီး အိမ်ပေါ်ကို ဘာမှမဖြစ်သလိုနှင့် ပြန်တက်လာသည်။ ခေတ်လွှမ်းထင်က တန်းတက်မလာသေးပဲ အိမ်အောက်ကမီးတွေကိုသွားဖွင့်နေသည်။

📞(အကို ကျွန်တော် shooting တွေရော ကား
ရိုက်ဖို့ပြောထားတာတွေရှိတယ်မလား အဲ့တာ ၁ လလောက် နောက်ဆုတ်ထားလိုက်နော်။ မရရင် မရိုက်နဲ့လို့ပြောလိုက်)

📞(မင်းကတော့ကွာ အခုဘယ်မှာလဲ အဆင်ပြေရဲ့လား ဘယ်သူနဲ့လဲ)

📞(ရည်းစားနဲ့ သူ့ရွာလိုက်သွားတာ)

📞(အမလေး ဟန်မင်းမြတ်တို့တော့
ခြေချုပ်မိပြီ ထင်ပါတယ်)

မန်နေဂျာနှင့် ဖုန်းပြောနေသည်ကို လှေကားမှ
တက်လာသည့် ခေတ်လွှမ်းထင် ကြားလိုက်
ရသည်။ ဖုန်းချသွားချိန်မှ အိမ်ပေါ်ကို တက်လာပြီး ဟန်မင်းမြတ်ဘေး ဝင်ထိုင်ကာ

"မောင်ကတော့လေ အလုပ်တွေဖျက်ပြီးတော့ ပြန်တော့"

"ကိုယ့်ဘာသာ နေချင်လို့နေတာလေ
မနက်ဖြန်ကြရင် ပုဂံဘုရားတွေနဲ့ ရွာထဲ
လိုက်ပို့ပေးဦး"

My Emperor Where stories live. Discover now