"ဒီရက်ပိုင်း သူပြန်လာဦးမှာမဟုတ်ဘူး..."
မင်းသမီးကြီးဆီမှရုတ်တရက်
ထွက်ပေါ်လာသောစကားတစ်ခွန်းက
ဧသာ့ထံမှ
"ဟင်...? " ဟူသော အာမေဋိတ်တစ်လုံး
အမှတ်တမဲ့ထွက်ကျလာနိုင်စေခဲ့သည်။
ထို့ကြောင့် မင်းသမီးကြီးကဆက်၍
"သူ့ကို သတိရနေတာမလား..."
ထိုစကားကြောင့် ခေါင်းကိုတစ်ဖက်ရှောင်ထွက်ရင်း
"မ...မ...မရပါဘူး..." ဟု ထစ်ထစ်အအဖြင့်
အသည်းအသန် ပြန်ငြင်းမိလေသည်။
ထိုစဉ်ခဏ မိုးမှုန်လေးများ တစ်ပေါက်နှစ်ပေါက်
ကျလာကာ မိုးရွာဖို့အသိပေးလာသည့် အနေထားမို့
နေရာမှနှစ်ဦးသား လမ်းခွဲခဲ့ကြသည်။
###############################
###############################
ဧသာ အခန်းဆောင်ပြန်ရောက်ချိန်တွင်ပင်
အစောက မိုးမှုန်သည် စတင်သည်းထန်လာလေ
တော့သည်။
အုတ်စက်အမိုးပေါ်မှ စီးကျလာသော မိုးရေများကို
လက်ဖြင့်အသာခံယူနေရင်း အတွေးမျိုးစုံထဲ
ဧသာတစ်ယောက် နစ်မြောနေခဲ့မိသည်။
"ဒီရှေ့လျှောက်...ငါ...
ဘာဆက်လုပ်သင့်လဲ...?..."
အတွေးနယ်ပယ်ကိုခြေဆန့်နေရင်း
သူမကိုယ့်ကိုကိုယ်နားမလည်နိုင်။
မျက်နှာကိုမမြင်ချင် အသံကိုမကြားချင်ရအောင်
မုန်းသည်။
သူမ၏တွေ့ကြုံခဲ့ရသော ဘ၀များစွာ၏အတွေ့အကြုံ
ခံစားချက်များက နှလုံးသားတစ်ခုလုံးကို
အမုန်းတရားဖြင့်လွှမ်းခြုံစေသည်ဟု ထင်ခဲ့မိသည်။
သို့ပေမယ့် မသိစိတ်တစ်နေရာက ထိုလူ၏
အမှတ်တရများကိုသစ္စာမဲ့စွာထိန်းသိမ်းထားသေး
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...
volume-18(Uni+Zawgyi)
Start from the beginning