တော်တော်နှင့် လက်ပြန်မကမ်းလာတာမို့ Jungkook လည်း လက်ကိုပြန်ရုတ်လိုက်ကာ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး တစ်ချက်ငုံ့ကြည့်လိုက်တော့ ပြန်မော့ကြည့်လာသည်။ လိုက်လာမယ်ဆိုတာ သိတာမို့ ထပ်မပြောတော့ဘဲ ရှေ့ကနေသွားလိုက်ရင်း မသိမသာနောက်လှည့်ကြည့်လိုက်တော့ ထရပ်လာကာ လိုက်လာနေသည်ကို တွေ့လိုက်ရခြင်းကြောင့် သဘောကျစွာဖြင့် တွန့်ကွေးသွားသည့် နှုတ်ခမ်းပါး။ ဒီတစ်ခါတော့ မငြင်းဆန်တော့တာလား။

အိမ်ထဲသို့ ဝင်လိုက်တာနဲ့ အခန်းဘက်သို့ မသွားခင်သူ့လက်ကို ဆွဲကာ သူ့ကိုပါ အခန်းဘက်သို့ ခေါ်လာခဲ့တာဖြစ်သည်။ 

"မနက်ဖြန်...ပြန်မယ်။"

မျက်ဝန်းလေးကလက်ခနဲဖြစ်သွားရင်း ကြည့်လာသည်။ တစ်ချက်တည်းကြည့်လိုက်ပြီး မသိချင်ယောင်ဆောင်လိုက်တာ နှလုံးသားထဲထိကိုပင်။ 

"ဒါပေမဲ့ မင်းနေမကောင်းဖြစ်ရင် ကိုယ်တို့ဒီမှာဘဲဆက်ရှိနေအုံးမှာ...အဲ့တော့ ဘာလုပ်ရမလဲ မင်းသိလား...ဗီရိုထဲမှာ အဆင်ပြေတာ ကြည့်ယူလိုက်လို့ရတယ်။"

ခြေထောက်သေးသေးလေးဖြင့် ရှေ့ကနေ ဖြတ်သွားကာ အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။ သိမ်းထားသည့် ဆေးလိပ်ဗူးကို ထုတ်လိုက်ရင်း ရှိုက်လိုက်မိတာက အကျင့်တစ်ခုလိုဖြစ်နေလေပြီ။ 

မင်းမျက်နှာပျက်သွားတယ်။ ရူးမိုက်စွာနဲ့ မနူးညံ့တတ်တဲ့ကောင်က မင်းဆန္ဒကိုလိုက်လျောဖို့ ဖြစ်လာတာဘဲ။ 

အဝတ်လဲခန်းထဲက ထွက်လာတော့ ကိုယ့်အဝတ်တွေက သူ့ထက်ကြီးနေတာဖြစ်နေပင်မဲ့ ကြည့်ရမဆိုးနေဘဲ ချစ်စရာကောင်းတယ်လို့ မြင်လိုက်ရသည်။ သူကလည်း ဘာမှမပြောဘဲ ကုတင်တစ်ဖက်တွင် ဝင်ထိုင်လာကာ စိုနေသည့်ဆံပင်လေးတွေကိုသုတ်နေတာဖြစ်သည်။

"ကျေးဇူး..."

"ဘာအတွက်လဲ။"

"အိမ်ပြန်ဖို့အတွက်..."

"အဟွန်း...အိမ်ဆိုတာက ဟုတ်တယ်...ဒါပေမဲ့မင်းထင်နေတဲ့ အိမ်မဟုတ်ဘူး Jeon Taehyung။"

"ပြောချင်တာက..."

"မင်းကိုအဲ့လောက်တုံးမယ်လို့ ကိုယ်မထင်ခဲ့ဘူး..မင်းရဲ့ Jeon မျိုးရိုးရဲ့ အငယ်ဆုံးသားတစ်ယောက်ဖြစ်နေပြီ...အဲ့ဆိုမင်းအိမ်က ဘယ်မှာလဲဆိုတာ မင်းသဘောပေါက်မှာပါ။"

EspressoWhere stories live. Discover now