လရောင်အောက်ဝိုးတဝါးသာမြင်နေရသည့် မျက်နှာများကိုကြည့်လိုက်ပြီး မိန်းကလေးတစ်ယောက်က Rose အနားတိုးလာပြီး

"ဒီကမိန်းကလေး ကျမတို့ဘာဆက်လုပ်သင့်လဲ"

"လုံခြုံတဲ့နေရာတစ်နေရာကိုရှာပြီးအရင်ဆုံး ခနနားပြီး နည်းလမ်းပေါင်းရှာကြတာပေါ့"

အကုန်လုံးကလည်း ခေါင်းညိမ့်သဘောတူလာကြပြီး အနီးသို့ရောက်လာသည့် ဇွန်ဘီများကို တိုက်ခိုက်လိုက်ကြသည်။

Rose လေးနဲ့မြှားကိုအသုံးပြုပြီး ဇွန်ဘီတွေကိုပစ်‌လိုက်သည်။ဇွန်ဘီ‌‌တွေကိုတိုက်နေရင်း နားခိုလို့ရမဲ့နေရာကိုရှာဖွေလိုက်သည်။

ကျောင်းနှင့် ခြေလှမ်း ၂၀ လောက်လှမ်းရသည့်နေရာတွင် လုံခြုံရေးတွေနေသည့် အဆောင်သေးသေးလေးတစ်ခုလှမ်းတွေ့လိုက်ရသည်။

ထိုနေရာ၏ဘေးတစ်လျှောက်တွင် သူတို့ဆီပြေးလာနေသည့် ဇွန်ဘီတစ်သိုက်ရှိနေသည်။rose အသံကျယ်ကျယ်နဲ့

"ဟိုးရှေ့ကလုံခြုံ‌ရေးတွေ‌‌နေတဲ့အဆောင်ဆီပြေးကြ"

သူမလက်ညိုးထိုးပြပြီးအော်လိုက်တော့ အားလုံးဟာထိုနေရာသို့ရောက်အောင် ဇွန်ဘီတွေကိုတိုက်ခိုက်ပြီးသွားကြတော့သည်။

Rose လည်း wheelchair နဲ့သွားဖို့ပြင်နေချိန်တွင် ယောကျာ်းလေးတစ်ယောက်က rose နောက်ကိုလာရပ်ပြီး

"ငါတို့တွေလွတ်မြှောက်ဖို့ လူတစ်ယောက်ကိုတော့စတေးကြရမှာဘဲ"

ထိုယောကျာ်းလေး၏အပြောကို Rose ကြားပြီးနောက်

'ဒီကောင်လေးက လူကောင်းတစ်ယောက်ဘဲ ငါတို့တွေလွတ်မြှောက်ဖို့သူ့ကိုယ်သူစတေးတော့...'

သူမတွေးလို့မှမဆုံးသေး သူမ၏ wheelchair ကို ဇွန်ဘီတွေကြားတွန်းလွတ်လိုက်တဲ့ကောင်ကြောင့်

"Fuck!! ခွေးသူတောင်းစား မင်း.."

သူမဆဲရေးနေချိန် သူမ၏ရှေ့သို့ကမူးရှုးထိုးပြေးလာသည့် ဇွန်ဘီကောင်ဟာ ဘေ့စ်ဘောတုတ်နှင့်ရိုက်ခံလိုက်ရ၍ ဦးနှောက်ပွင့်ထွက်သွားသည်။

တစ်ဆက်ထဲ သူမ၏ wheelchair ဟာတစ်စုံတစ်ယောက်၏ဆွဲယူမှုခံလိုက်ရပြီး ခုနကသူမကို တွန်းလိုက်သည့် ကောင်လေးဟာလည်း တစ်စုံတစ်ယောက်၏ ကန်ချက်ကြောင့် ဇွန်ဘီ‌အုပ်လိုက်၏ကြားသို့ကျသွားတော့သည်။

ကူညီပါရစေ system Where stories live. Discover now