"အင်း.."
Chanyeol ကော်ဖီနှစ်ခွက်နှင့် အိမ်ရှေ့သို့ ပြန်ရောက်လာသည်။
"Milk, two sugars. မင်းအကြိုက်"
သူတို့ရင်းနှီးနေပြီမို့ Baekhyun ကြိုက်သည့် ကော်ဖီအရသာမျိုးကို Chanyeol သိနေပါပြီ။ Chanyeol ခွက်ကို သူ့လက်ထဲထည့်ပေးတော့ Baekhyun က ခွက်ကိုလှမ်းယူရင်းမှ မျက်နှာက တစ်မျိုးဖြစ်သွားသည်။
"လက်က ဘာဖြစ်ထားလို့လဲ"
ဒီတော့မှ Chanyeol လက်ကောက်ဝတ်မှာ ပတ်တီးရှိနေတာကို ကိုယ့်ဘာသာ သတိထားမိသည်။
"ဒါလား... tattoo အသစ်လေ။ ပတ်တီးဖြည်ဖို့မေ့နေတာ"
Chanyeol သူ့ဘေးက ခုံပေါ်မှာ ဝင်ထိုင်ရင်း လက်ကောက်ဝတ်အထက်ပိုင်းက ပတ်တီးစကို ဖြေချလိုက်သည်။ ထိုးထားတာ တစ်နေ့ကမှမို့ အနည်းငယ်ယောင်နေတုန်းပေမဲ့ ပတ်တီးကတော့ ဆက်စည်းထားစရာ မလိုတော့ပါ။
"ငါထိကြည့်လို့ရလား"
Chanyeol အနည်းငယ်ကြောင်သွားပေမဲ့ လေထဲမြောက်လာသည့် Baekhyun ရဲ့ လက်ကိုဆွဲယူကာ ဘယ်ဘက်လက်က တက်တူးဆီ ရွှေ့လိုက်သည်။
"ဘာပုံလဲဟင်"
"ကနုတ်တွေနဲ့ ဇာမဏီပုံ.."
"အကုန်အမည်းရောင်ပေါ့နော်... မနာဘူးလား"
ဘာလို့ သူ့ကိုယ်ပေါ်က တက်တူးတစ်ခုအကြောင်း စပ်စပ်စုစု သိချင်နေရလဲ Chanyeol မသိပေမဲ့ ပထမဆုံးအကြိမ်အဖြစ် သူ့တက်တူးတွေအကြောင်း အရေးတယူမေးခြင်းခံနေရသည်မို့ စိတ်ရှည်လက်ရှည် ပြန်ဖြေနေမိသည်။
"အင်း.... ကနုတ်တွေက အသေးစိတ်ထိုးရတာ ဆိုတော့ နည်းနည်းနာတယ်။"
"ကိုယ့်ဘာသာထိုးတာလား"
သူ့စကားကြောင့် Chanyeol ရယ်မိသည်။
"အဲ့လိုထိုးလို့ဘယ်ရမလဲ... တွန့်ကုန်မှာပေါ့။ ဒီဇိုင်းဆွဲပြီး သူငယ်ချင်းကို ထိုးပေးခိုင်းတာ"
YOU ARE READING
Merak [CHANBAEK/BAEKYEOL]
FanfictionMerak (Serbian) A sense of oneness with the universe derived from the simplest of the pleasures ________________ Merak (ဆာဘီးယန်း) အရိုးရှင်းဆုံးသော ပျော်ရွှင်မှုများမှ ဖြစ်ပေါ်လာသော စကြဝဠာတစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေသည့် ခံစားချက်။ ________________...
Merak | FINAL
Start from the beginning