Episode 4 - Unexpected Messy Day

Start from the beginning
                                    

ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ခွန်အားမြှင့်တင်နေတာကို လမ်းဘေးက ဖြတ်သွားတဲ့ သူအချို့၊ Agency ထဲဝင်သွားတဲ့ သူအချို့က မသိမသာ လှည့်ကြည့်ကာ အကဲခတ်သွားကြသည်။

ထိုအထဲမှ Interview လာဖြေတဲ့ Designer ဖြစ်ဟန်တူသည့် အမျိုးသားတချို့ကလဲ Tae ကို ငမ်းသွားတာကို မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။

အစက ယုံကြည်မှုတွေ ပျောက်ပြီး ကြောက်ရွံ့စိတ်များနေပေမဲ့ ခုလို Tae ကို စိတ်ဝင်စားကြသည့် ပုံစံကို မြင်တွေ့လိုက်ရတော့ အားပြန်တက်လာမိသည်. . . ။

ထို့ကြောင့် Tae နားကပ်ပြီး လေသံတိုးတိုးလေးနဲ့

"Tae ~ ခုနက အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ လူကို မြင်လိုက်လား "

"ရှေ့မကြည့်ဘဲ Tae ကို လည်ပြန်ငေးနေတာ  ခလုတ်တိုက်ပြီး လဲတော့မလို့ သိလား ဟိ "

"ပြီးတော့ ဟိုတယောက် အရပ်ပုပု ၀၀နဲ့ သူ့ကိုယ်သူ PSY လိုလို ဘာလိုလို စတိုင် ထုတ်ပြီး ကားကားကားကားနဲ့ လမ်းလျှောက်နေတဲ့သူလေ"

"Tae ကို ငေးနေတာ တံခါးဝင်ပေါက်နဲ့တောင် ဆောင့်မိသွားသေးတယ် ပြီးမှ ရှက်ကိုးရှက်ကန်းနဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး ၀င်သွားတာ သိလား"

"ဟဟ"

"တကယ် ရီရတယ်"

ပြောရင်း ရီချင်စိတ်ကို မနည်းထိန်းကာ ကျိတ်ပြီး ရယ်နေမိတော့

Tae က ပြုံးစိစိလေး လုပ်ပြီး

"အဲ့တော့ Hae က ယောက်ကျားလေးအားလုံး Tae အလှမှာ နစ်မျောရင်း ကြွေကျ မြေခကုန်ပြီလို့ ဆိုလိုချင်တယ်ပေါ့လေ"

ပါးစပ်ကလဲပြောရင်း လက်ကလဲ ဆံပင်လေးကို တချက်ခါချပြီး ခန္ဓာကိုယ်ကို ကော့မတ် တင်ကိုနောက်ပစ်ကာ S Line ပေါ်အောင် Sexy ကျကျ ဆွဲဆောင်ပြပြီး တမင်စနောက်လေသည်။

ဟိုလူတွေအကြောင်းပြောရင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားနေရပါတယ်ဆိုမှ အခုTae ပုံစံကို ကြည့်ပြီး ဘယ်လိုမှ ထိန်းချုပ် မရတော့လို့ ဝါးလုံးကွဲ အူလှိုက်သည်းလှိုက် ရယ်ပစ်လိုက်တော့ Tae ပါ မနေနိုင်တော့ဘဲ အတူတူရောကာ အားရပါးရ ရယ်မောခဲ့ကြတော့သည်. . .။

"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]Where stories live. Discover now