*Beautiful story*4

Start from the beginning
                                    

"ဘာဖြစ်​တာလဲ
ဘာလို့ငိုထားတာလဲ"

Sehunအသံက
ခုနကနဲ့မတူပဲချက်​ချင်း​ပြောင်းသွားတယ်

သူငိုထားတာကို
တွေ့ရတာဘယ်​လို​မှန်းကိုမသိပါ

အရင်​နှစ်​ကအားကစားပြိုင်​ပွဲ​​တွေလုပ်​တာမှတ်​မိ​သေးသည်

အဲ့တုန်းက​ဘောလုံးရူးရူး​နေတဲ့သူက​ဘောလုံးကန်​တဲ့ထဲမှာပါမယ်​တဲ့​လေ
ဟိုဘက်​​ကျောင်းကလူ​တွေကခန္တာကိုယ်​​တွေလည်းထွားပြီးအကျင့်​မ​ကောင်းဘူးဆိုလို့
မပါ​အောင်​အမျိုးမျိုး​နောက်​သလိုလုပ်​ပြီး​ပြောတာ​တောင်​ပါဖြစ်​​အောင်​ပါ​သေးသည်

အဲ့တုန်းက
Fb start

ဘောလုံးကမကန်​ရ​သေးဘူး​ဘောလုံးတစ်​လုံးကိုင်​ပြီးကွင်းပတ်​​ပြေး​နေတာ
ထိပ်​မှာလည်း​ဆံပင်​ကိုစည်းထား​သေးတယ်
ဘာပုံ​လေးမှန်းမသိဘူး​ပြေး​နေတာ
အဲ့အတိုင်းဆို​ဘောလုံးမကန်​ရခင်​အားကုန်​​တော့မှာပဲ
ဟိုကလူစုဖို့​ခေါ်​တော့မှ​ပြန်​​ပြေးသွားတယ်

Luhanကလူသာ​သေးတာ​ဘောလုံးကန်​တာ​တော့​တော်​​ပါတယ်
သူဝါသနာပါလို့လားမသိဘူး

ဒုတိယပိုင်းကစား​တော့ဟိုဘက်​က​ရှုံး​နေ​တော့ညစ်​​နေပြီ
Luhanက​ဘောလုံးကိုကြည့်​ပြီးအရှိန်​နဲ့​ပြေးလာတဲ့အချိန်​ဟိုဘက်​ကလူက​ခြေထိုးခံလိုက်​တယ်
ပြုတ်​ကျသွားတာဘယ်​နှစ်​ပတ်​လိမ့်​သွားမှန်း​တောင်​မသိ​တော့

သူပြုတ်​ကျသွားတာနဲ့
လူကပူထူသွားပြီးကွင်းထဲအမြန်​​ပြေးသွားလိုက်​တယ်
" Luhan hyung အဆင်​​ပြေလား"

မေးတာ​တောင်​ပြန်​မ​ဖြေနိုင်​ပဲဒူး​ခေါင်းကိုကိုင်​ပြီး​ခေါင်းကိုငုံ့ထားတာ

ဒီမှာ အဆင်​​ပြေရဲ့လား"

တောက်​ သူတမင်​သက်​သက်​လုပ်​ပြီးမှလာ​မေး​နေတာ

"​ဘေးဖယ်​"

Luhanကို​ပွေ့ချီထားရင်းနဲ့စိုက်​ကြည့်​ပြီး​ပြောလိုက်​​တော့ရုပ်​ကအားနာသလိုလုပ်​ပြီးဟိုဘက်​ကပ်​သွားတယ်

Beautiful storyWhere stories live. Discover now