"ဟာ အဲ့ဒါ​တော့မဖြစ်​ဘူးAppa"

"ဘာမဖြစ်​တာလဲ မင်းကိုငါ​အမြဲတမ်း​ပြောတယ်​ companyသာဝင်​ခဲ့​တော့လို့​ပြော​တာကို ဒီဆရာအလုပ်​ကို တွယ်​ကပ်​​နေတာ ​တော်​ပြီ မနက်​ဖြန်​ ထွက်​စာယူခဲ့ဒါဘဲ"

"ဟာ Ommaကူ​ပြောပါဦး"

"ကဲ​တော်​ပါ​တော့ Yeoboရယ်​"

"ငါလဲမ​ပြောချင်​​တော့ဘူး မင်းဘဲ​ပြော​တော့"

"Baekhyunee Ommaကိုကတိ​ပေး သား ​နောက်​လကျရင်​ သင်္ချာအမှတ်​တက်​တာမြင်​ချင်​တယ်​ ကြိုးစား​ပေးမလား"

"ဟုတ်​ သားကြိုးစား​ပေးပါ့မယ်​ Tao Omma"

"အဲ့လိုဘဲ​ပြော​တာ အခုဘယ်​နှလရှိပြီလဲ ဘယ်​မလဲ အမြဲ ၄၀နဲ့၄၅ကြားထဲဘဲ"

"​တောင်းပန်​ပါတယ်​Kris Appaဒီတစ်​ခါ ​တကယ်​အမှတ်​တက်​​အောင်​လုပ်​​ပေးပါ့မယ်​ တကယ်​ပါ"

"​အေး ကတိတည်​ပါ​စေ အကယ်​၍ ​နောက်​လအမှတ်​တက်​မလာရင်​ Park Chanyeol အလုပ်​ထွက်​ဖို့ပြင်​ထား"

ပြောပြီးထထွက်​သွားတဲ့ Kris Appa

"ဟာကွာ ဘာဆိုင်​လို့ အလုပ်​ထွက်​ရမှာလဲ!"

ဆံပင်​​တွေကိုဖွရင်း စိတ်​ရှုပ်​စွာဆိုလာတဲ့ Hyungကိုကြည့်​ပြီး Baekhyunတစ်​​ယောက်​ ငိုချင်​လာသလိုဘဲ

"ကဲ လာသားတို့ ထမင်းစားမယ်​မလား"

"Arnyi မစား​တော့ဘူး ပြန်​​တော့မယ်​"

ပြော​ပြောဆိုဆိုနဲ့ထပြီးပြန်​သွားတာ​ကြောင့်​ Tao Ommaကိုနှုတ်​ဆက်​ရင်း အ​ပြေးအလွှားထလိုက်​သွားရ​လေရဲ့

ကား​ပေါ်​ရောက်​​တော့လည်း တစ်​ခွန်းမှမ​ပြောဘဲ မျက်​​မှောင်​ကြုံပြီး ကားကိုသာ​မောင်း​နေတာက တစ်​​ကြောင်း သူကိုယ်​တိုင်​ကလည်း သူ့​ယောက်ျား ရဲ့ဒေါသကိုသိတာကတစ်​​ကြောင်း အဲ့လိုနှစ်​​ကြောင်း​ပေါင်းပြီး ငြိမ်​ကုတ်​​နေရ​လေရဲ့

လုံးဝကို တိတ်​ဆိတ်​​နေတာ​ကြောင့်​ သူလဲ​ရောက်​တတ်​ရာရာ​တွေးရင်း သူတို့လက်​ထပ်​ဖြစ်​ခဲ့ပုံကိုပြန်​​တွေးမိလိုက်​​တော့တယ်

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now