Chapter - 21 (Zawgyi & Unicode)

Start from the beginning
                                    

အိုက္​႐ွင္​း မ်က္​ႏွာ​ေပၚမွ နီရဲၿပီး ခရမ္​းႏု​ေရာင္​သို႔​ေျပာင္​း​ေနကာ ​ဖူး​ေယာင္​​ေနသည္​ကို ​ေတြ႔ရသျဖင္​့ က်န္​း႐ွီ မ်က္​​ေမွာင္​ၾကဳတ္​လိုက္​ၿပီး လႈပ္​ႏိုးရန္​ ဆင္​းလာခဲ့သည္​။ အိုက္​႐ွင္​း ပါးကိုထိကိုင္​လိုက္​ခ်ိန္​တြင္​ က်န္​း႐ွီ မ်က္​ႏွာျဖဴ​ေဖ်ာ့သြား​ေတာ့သည္​။ အိုက္​႐ွင္​း က ​ေရခဲတမ်ွ ​ေအးစက္​​ေန​ေပသည္​။ က်န္​း႐ွီ အလန္​႔တၾကားျဖစ္​သြားၿပီး အိုက္​႐ွင္​း ၏ ​ေသြးခုန္​ႏႈန္​းကို စမ္​းၾကည္​့လိုက္​သည္​့အခါ လက္​ကို အိုက္​႐ွင္​း လည္​ပင္​း​ေပၚသို႔ တင္​လ်ွင္​တင္​ခ်င္​းပင္​ မ်က္​လံုးမ်ားျပဴးက်ယ္​သြားၿပီး အိုက္​႐ွင္​း ပခံုးကို ကိုင္​ကာ လႈပ္​ႏိုး​ေတာ့သည္​။

"အိုက္​႐ွင္​း !! .. ထစမ္​းပါဦး !!! ငါ့ကိုၾကားရဲ႕လား !!! ထပါဦး !!! ငါကြာ !!!"

မည္​သို႔ပင္​ ႀကိဳးပမ္​း​ေသာ္​လည္​း အိုက္​႐ွင္​း မတံု႔ျပန္​​ေတာ့သျဖင္​့ စိတ္​ပူပန္​စြာ ​ေခါက္​တံု႔​ေခါက္​ျပန္​​ေလ်ွာက္​​ေနၿပီး ႐ွန္​း ကို မည္​သို႔​ေျပာရမည္​ကို ​ေတြးရခက္​​ေန​ေတာ့သည္​။

အတူႀကီးျပင္​းလာခဲ့သည္​့အခ်ိန္​တြင္​းတြင္​ ႐ွန္​း အျခားသူတစ္​ဦးကို အ​ေလး​ေပးဆက္​ဆံသည္​ကို က်န္​း႐ွီ တစ္​ခါမွမ​ေတြ႔ခဲ့ဖူး​ေပ။ သူ၏ မယ္​​ေတာ္​ကိုပင္​ ယခုကဲ့သို႔ ဆက္​ဆံခဲ့သည္​မဟုတ္​။

ထို႔အျပင္​ ႐ွန္​း မွာ လူပ်ိဳစင္​စစ္​မဟုတ္​​ေတာ့​ေသာ္​လည္​း အျခားသူႏွင္​့ ထူးျခားသည္​့ဆက္​ဆံ​ေရးဟူ၍လည္​း မ႐ွိခဲ့​ေပ။ ၿမိဳ႕ထဲသို႔ အ​ေရးကိစၥ႐ွိသည္​့အခ်ိန္​တြင္​ မိန္​းက​ေလးတစ္​​ေယာက္​က ႐ွန္​း ကို ခ်ဥ္​းကပ္​လာသည္​့အခါ သူမမ်က္​ႏွာႏွင္​့ပင္​ ႐ွန္​း အဆင္​သင္​့ကာ သူမကို ခဏတာ ​ေဖ်ာ္​​ေျဖခြင္​့​ေပးလိုက္​ၿပီးလ်ွင္​ ခ်က္​ခ်င္​းပင္​ သူျပန္​ထြက္​လာခဲ့သည္​။ လူ​ေတြမွာ စိတ္​႐ႈပ္​စရာ​ေကာင္​းၿပီး စပ္​စုလွ​ေသာ​ေၾကာင္​့ က်န္​း႐ွီ မွလြဲ၍ အျခားသူအနားတြင္​႐ွိ​ေနလ်ွင္​ လံုးဝမႀကိဳက္​​ေပ။ သို႔​ေသာ္​ အိုက္​႐ွင္​း မွာ ျခားနား​ေပလိမ့္မည္​။ အိုက္​႐ွင္​း ကို တစ္​ခ်ိန္​လံုး ​ေပြ႔ခ်ီထားၿပီး အနားတြင္​လည္​း ​ေကာ္​ကပ္​ထားသကဲ့သို႔ တစ္​ခ်ိန္​လံုး ​ေခၚထားသည္​ကို ၾကည္​့ျခင္​းျဖင္​့ အိုက္​႐ွင္​း မွာ မည္​မ်ွထူးျခားသည္​ကိုလည္​း သိသကဲ့သို႔ ႐ွန္​း ကိုလည္​း မည္​သို႔​ေျပာရမည္​ကို ပိုစိုးရိမ္​လာ​ေတာ့သည္​။

          

T/N :....

တိုတာမွ တကယ္​ကို တိုတို​ေလးပဲ .... authorကိုပဲ ဘာလို႔တိုတုိ​ေရးခဲ့တာလို႔ သြား​ေမးရ​ေတာ့မလိုလို ... 😐

တို​ေနျပန္​​ေတာ့လည္​း မနက္​ျဖန္​ up​ေပးဦးမယ္​​ဗ်ာ 😙

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

●●●Unicode●●●

ရှန်း ၏ တော်ဝင်မြင်းသည် အလွန်သန်မာပြီး ဉာဏ်ကောင်းသည့်မြင်း ဖြစ်သည်။ ရှန်း ကိုလည်း သေချာသိနားလည်ပြီး ရှန်း ကာကွယ်ပေးသူကို ကာကွယ်တတ်သည်၊ ရှန်း လျစ်လျူရှုသူကို လျစ်လျူရှုသည်။ ထို့ကြောင့် ဝေ့ လုပ်ရပ်ကို သိလိုက်သည့်အခါ ဝေ့ ကို ကန်လိုက်ပြီး သူ့ကိုထိရန် ကြိုးစားသော ရှဲ ကိုလည်း ရန်မူခဲ့သည်။

ဓားပြတို့ကို ခြေရာခံလိုက်ခဲ့သည့်မြင်းသည် တစ်နေရာအရောက်တွင် သွေးညှီနံ့တို့ကို ရလိုက်သဖြင့် ရှာဖွေသည့်အခါ ဓားပြလေးယောက်တို့၏ အလောင်းတို့ကို တွေ့လိုက်ရသည်။ အနားကပ်ကာ စစ်ဆေးနေစဉ် မလှမ်းမကမ်းတွင် ငြိမ်သက်စွာလဲနေသော အိုက်ရှင်း ကို တွေ့လိုက်လေသည်။

အိုက်ရှင်း ကို ခေါင်းနှင့် အသာတွန်းကာ လှုပ်နေသော်လည်း တုံ့ပြန်မှုမရှိသဖြင့် သခင်ကိုရှာရန်သာ အကောင်းဆုံးဖြစ်မည်ဟုမှတ်ရင်း တဲထိုးထားသည့်နေရာသို့ ပြန်လှည့်လာခဲ့သည်။

ဓားပြတို့ကို ကျန်းရှီ ဖမ်းဆီးပြီးနောက် ရှဲ နှင့် ဝေ့ တို့ကိုလည်း တဲထဲသို့ ပြန်ပို့ပြီးချိန်တွင် ရှန်း ၏ မြင်း ပြေးလာနေသည်ကို တွေ့လိုက်လေသည်။ ကျန်းရှီ အံ့ဩသွားပြီး အပြေးသွားလိုက်ကာ အိုက်ရှင်း ကို တွေ့မတွေ့ မေးနေတော့သည်။ မြင်းသည် စကားမပြောတတ်သဖြင့် ကျန်းရှီ အကျႌလက်ကိုသာ အသာအယာကိုက်၍ အနောက်ကိုလိုက်ခဲ့ရန် ဆွဲခေါ်နေလေသည်။ အကယ်၍လိုက်သွားခဲ့လျှင် သူတို့အဖွဲ့နှင့် ဓားပြတို့ကို စောင့်ကြည့်မည့်သူရှိမည်မဟုတ်သောကြောင့် ကျန်းရှီ မလိုက်လိုသော်လည်း ရှန်း ၏ မြင်းသည် အကျႌလက်ကိုသာ ဆက်တိုက်ဆွဲနေသဖြင့် လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ရှန်း ၏မြင်းသည် ကျန်းရှီ ကို မမှတ်မိနိုင်တော့သော ဓားပြလေးယောက်အလောင်းတို့နှင့် အိုက်ရှင်း ရှိရာသို့ ဦးဆောင်ခေါ်သွားလေသည်။

အိုက်ရှင်း မျက်နှာပေါ်မှ နီရဲပြီး ခရမ်းနုရောင်သို့ပြောင်းနေကာ ဖူးယောင်နေသည်ကို တွေ့ရသဖြင့် ကျန်းရှီ မျက်မှောင်ကြုတ်လိုက်ပြီး လှုပ်နိုးရန် ဆင်းလာခဲ့သည်။ အိုက်ရှင်း ပါးကိုထိကိုင်လိုက်ချိန်တွင် ကျန်းရှီ မျက်နှာဖြူဖျော့သွားတော့သည်။ အိုက်ရှင်း က ရေခဲတမျှ အေးစက်နေပေသည်။ ကျန်းရှီ အလန့်တကြားဖြစ်သွားပြီး အိုက်ရှင်း ၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည့်အခါ လက်ကို အိုက်ရှင်း လည်ပင်းပေါ်သို့ တင်လျှင်တင်ချင်းပင် မျက်လုံးများပြူးကျယ်သွားပြီး အိုက်ရှင်း ပခုံးကို ကိုင်ကာ လှုပ်နိုးတော့သည်။

"အိုက်ရှင်း !! .. ထစမ်းပါဦး !!! ငါ့ကိုကြားရဲ့လား !!! ထပါဦး !!! ငါကွာ !!!"

မည်သို့ပင် ကြိုးပမ်းသော်လည်း အိုက်ရှင်း မတုံ့ပြန်တော့သဖြင့် စိတ်ပူပန်စွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ရှန်း ကို မည်သို့ပြောရမည်ကို တွေးရခက်နေတော့သည်။

အတူကြီးပြင်းလာခဲ့သည့်အချိန်တွင်းတွင် ရှန်း အခြားသူတစ်ဦးကို အလေးပေးဆက်ဆံသည်ကို ကျန်းရှီ တစ်ခါမှမတွေ့ခဲ့ဖူးပေ။ သူ၏ မယ်တော်ကိုပင် ယခုကဲ့သို့ ဆက်ဆံခဲ့သည်မဟုတ်။

ထို့အပြင် ရှန်း မှာ လူပျိုစင်စစ်မဟုတ်တော့သော်လည်း အခြားသူနှင့် ထူးခြားသည့်ဆက်ဆံရေးဟူ၍လည်း မရှိခဲ့ပေ။ မြို့ထဲသို့ အရေးကိစ္စရှိသည့်အချိန်တွင် မိန်းကလေးတစ်ယောက်က ရှန်း ကို ချဉ်းကပ်လာသည့်အခါ သူမမျက်နှာနှင့်ပင် ရှန်း အဆင်သင့်ကာ သူမကို ခဏတာ ဖျော်ဖြေခွင့်ပေးလိုက်ပြီးလျှင် ချက်ချင်းပင် သူပြန်ထွက်လာခဲ့သည်။ လူတွေမှာ စိတ်ရှုပ်စရာကောင်းပြီး စပ်စုလှသောကြောင့် ကျန်းရှီ မှလွဲ၍ အခြားသူအနားတွင်ရှိနေလျှင် လုံးဝမကြိုက်ပေ။ သို့သော် အိုက်ရှင်း မှာ ခြားနားပေလိမ့်မည်။ အိုက်ရှင်း ကို တစ်ချိန်လုံး ပွေ့ချီထားပြီး အနားတွင်လည်း ကော်ကပ်ထားသကဲ့သို့ တစ်ချိန်လုံး ခေါ်ထားသည်ကို ကြည့်ခြင်းဖြင့် အိုက်ရှင်း မှာ မည်မျှထူးခြားသည်ကိုလည်း သိသကဲ့သို့ ရှန်း ကိုလည်း မည်သို့ပြောရမည်ကို ပိုစိုးရိမ်လာတော့သည်။

T/N :....

တိုတာမှ တကယ်ကို တိုတိုလေးပဲ .... authorကိုပဲ ဘာလို့တိုတိုရေးခဲ့တာလို့ သွားမေးရတော့မလိုလို ... 😐

တိုနေပြန်တော့လည်း မနက်ဖြန် upပေးဦးမယ်ဗျာ 😙

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

ဟဲ့ မြင်းကငါ့ထက်တောင်ဉာဏ်ပြေးသေးတယ်

11mo nakalipas

ကလေးရေ နေ‌ပြန်ကောင်းရမယ်နော်😭

3y nakalipas

ဘုရင့္​ကိုယ္​လုပ္​​ေတာ္​အား ခိုးယူျခင္​း/ ဘုရင့်ကိုယ်လုပ်တော်အား ခိုးယူခြင်းWhere stories live. Discover now